Blog
ရေးစရာမလိုလောက်ဘူးလို့ ထင်ခဲ့ပေမယ့် အမေးများလာတော့ ဒီနေ့ ရှင်းပြပေးလိုက်ပါတယ်။
US မှာနေတဲ့ မြန်မာမိဘတွေက ကလေးမွေးတဲ့အခါ US ရဲ့ ရက်စွဲကိုပဲ ယူရမလား၊ မြန်မာပြည်က ရက်စွဲကိုပဲယူရမလား ဆိုတဲ့မေးခွန်းမျိုး။
US မှာ နေတဲ့ မြန်မာမိဘတွေက မြန်မာပြည်အလည်သွားခိုက် ကလေးမွေးတဲ့အခါ သူတို့ နေထိုင်ရာ US ရဲ့ မွေးရက်ကိုပဲ ယူရမလား၊ ကလေးမွေးတဲ့ မြန်မာပြည်ရဲ့ ရက်စွဲကိုပဲ ယူရမလားဆိုတဲ့မေးခွန်းမျိုးတွေ ဖြစ်ပါတယ်။ ဒီလိုမေးလာတယ်ဆိုတာကလည်း US နဲ့ မြန်မာရက်က တရက်လောက် ကွာဟနေလို့ပါ။ တကယ်တော့ ဒီမေးခွန်းရဲ့ အဖြေက ရှင်းရှင်းလေးဖြစ်ပါတယ်။ မိဘတွေ ဘယ်မှာပဲ နေနေ မွေးဖွားတဲ့ ကလေးရဲ့ နေရာဒေသပေါ်မူတည်ပြီး အဲဒီနေရာဒေသရဲ့ စံတော်ချိန်နဲ့ ရက်စွဲကိုသာ ကလေးရဲ့ မွေးရက်၊ မွေးချိန်၊ မွေးရပ်ဇာတိအဖြစ် ယူဆပေးရမှာဖြစ်ပါတယ်။ ဥပမာ …
- မိဘတွေက US မှာ အခြေချနေပေမယ့် ကလေးကို စင်္ကာပူမှာ မွေးတယ်ဆိုရင် စင်္ကာပူမွေးရက်၊ စင်္ကာပူ မွေးချိန်ကိုသာ သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုပဲ …
- မိဘတွေက US မှာ အခြေချနေပေမယ့် ကလေးကို မြန်မာပြည်မှာ မွေးတယ်ဆိုရင် မြန်မာမွေးရက်၊ မြန်မာမွေးချိန်ကိုသာ သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုပဲ …
- မိဘတွေက US မှာ အခြေချနေတဲ့အတွက် ကလေးကို US မှာမွေးတယ်ဆိုရင် US မွေးရက်၊ US မွေးချိန်ကိုသာ သတ်မှတ်ပေးရမှာဖြစ်ပါတယ်။
ဒါတွေဟာ ဗေဒင်သဘောအရ တွက်ချက်တဲ့အခါ များစွာ အသုံးဝင်ပါတယ်။ ဒီလိုယူဆခဲ့မှလည်း ကလေးရဲ့ မွေးရက်၊ မွေးချိန်အရ အဲဒီ ဒေသမှာ ရှိနေမယ့် ကောင်းကင်နက္ခတ်၊ စန်းလဂ်တွေရဲ့ တည်နေရာ အစစ် အမှန်ကို သိခွင့်ရမှာဖြစ်ပြီး ဗေဒင်ဟောပြောရာမှာလည်း မှန်ကန်ပါလိမ့်မယ်။ ဒီလောက်ဆိုရင်တော့ မွေးရက်ကို ဘယ်လိုသတ်မှတ်ရမလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို နားလည်လောက် ပြီလို့ ထင်ပါတယ်။ ခု ကျနော် ရှင်းပြခဲ့တာက ဗေဒင်သဘောအရ မွေးရက်၊ မွေးချိန် စသဖြင့်ကို မှန်မှန် ကန်ကန် သတ်မှတ်နိုင်ဖို့ဖြစ်ပါတယ်။ မိမိတို့ လိုအပ်ချက်အရဖြစ်စေ၊ မိမိတို့ သဘောဆန္ဒအရဖြစ်စေ ကလေးရဲ့ မွေးချိန်၊ မွေးရက်တွေကို ပြောင်းလဲသတ်မှတ်တာကတော့ မိမိတို့ရဲ့သဘောအတိုင်းသာဖြစ်ပါ တယ်။ ဒါပေမယ့် ဗေဒင်မေးတဲ့အခါ မွေးရက်၊ မွေးချိန်၊ မွေးရက်ဇာတိ မှန်မှန်ကန်ကန်နဲ့သာ မေးတတ်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ဗေဒင်ပညာအရ ယူဆဆုံးဖြတ်တဲ့အခါ လွဲချော်မှားယွင်းမှုတွေဖြစ်လာနိုင် စရာရှိပါတယ်။ ခု ကျနော်ပြောခဲ့သမျှ အယူအဆတွေက နက္ခတ်ဗေဒင်အပေါ် အခြေခံပြီး ယူဆဆုံးဖြတ် တာပါ။ ချွင်းချက်တွေ ရှိကောင်းရှိနိုင်ပေမယ့် မှန်ကန်တဲ့ အယူအဆတစ်ခုဖြစ်လို့ ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာ၊ ချမ်းသာကြပါစေ။
Leave a Reply Cancel reply
You must be logged in to post a comment.