တခါက သုတဆန်းဆိုသော လူတစ်ယောက်ရှိခဲ့ဖူးပါသည်။
သူသည် လွန်စွာဆိုးသွမ်းသူဖြစ်၏။
ထို့အတူ သူသည် လွန်စွာကောင်းမြတ်သူလည်းဖြစ်၏။
သူသည် လွန်စွာရိုင်းပြသူဖြစ်၏။
ထို့အတူ သူသည် လွန်စွာယဥ်ကျေးသူလည်းဖြစ်၏။
သူ၏အပြုအမူများသည် အတုယူဖွယ်ရာမကောင်း။
ထို့အတူ သူ၏အပြုအမူများသည် အတုယူဖွယ်ကောင်းလှတော့၏။
သူသည် လူညံ့တစ်ယောက်ဖြစ်၏။
ထို့အတူ လူတော်တစ်ယောက်လည်းဖြစ်၏။
သူ၏ဘဝဖြစ်စဥ်သည် သည်းတုန်အူတုန် ကြောက်မက်ဖွယ်ရာကောင်းလှတော့၏။
ထို့အတူ သူ၏ဘဝသည် ဆွတ်ပျံ့ကြည်နူးဖွယ်ရာလည်းကောင်း၏။
ထို့ကြောင့် သူ၏ဘဝသရုပ်သည် အလင်းနှင့်အမှောင်မျှတစွာ ခြယ်မှုန်းထားသော လောကသဘာဝ ပန်းချီကားတစ်ချပ်နှင့် တူပေတော့၏။
ဤသည်ပင် သုတဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိဖြစ်သတည်း။