ရွေးလိုသူ၏မွေးနံအရ …
- မူလမဟာဘုတ်တွင် ဣဋ္ဌ၊ အနိဋ္ဌဘွားမှတ်ထားပါ။
- ဣဋ္ဌ ဘွားသည် ဣဋ္ဌဂိုဏ်းဖြစ်သင့်သည်။
- အနိဋ္ဌဘွားသည် အနိဋ္ဌဂိုဏ်းဖြစ်သင့်သည်။
- ဥပမာ … ၁ကြွင်း၊ စနေသား
- အထွန်း ဋ္ဌာနတွင် မွေးနံစနေရှိ၍
- ဣဋ္ဌဘွားဖြစ်သည်။
- နာမည်သည် ထွန်းဥက္ကာ ဆိုပါစို့။
- နာမည်ကို စ၊ လယ်၊ ဆုံးကို အသံတို၊ အသံရှည်ခွဲခြားပါ။
- အသံတိုလျှင် ၁၊ အသံရှည်လျှင် ၂ ဟုယူဆပြီး ဂဏန်းဖြင့် မှတ်သားထားပါ။
- ဥပမာ … ထွန်း = အသံရှည်၊ ဥက် = အသံတို၊ ကာ = အသံရှည်
- ထို့ကြောင့် … ရှည်၊ တို၊ ရှည် = ၂၁၂ ဟုမှတ်ထားပါ။