ဟုတ်ပါတယ်။ Free ပေးထားတဲ့ Course တွေအားလုံး ရာသက်ပန် အခမဲ့ဖြစ်ပါတယ်။ ဒီ Course တွေအားလုံးဖတ်ရှုနိုင်ဖို့ အသင်းဝင်အကောင့်အဖြစ် အနည်းဆုံး FREE အသင်းဝင်အဆင့်ရှိထားရမှာဖြစ်ပါတယ်။
သင်တန်းဆိုင်ရာမေးခွန်းများ
လောလောဆယ်အခြေအနေအရ Paid Course တွေအားလုံး သက်ဆိုင်ရာတန်ဖိုးအလိုက် တကြိမ်သာ ( One Time Payment ) ပေးချေရမှာဖြစ်ပါတယ်။ နှစ်စဉ်ကြေးမရှိပါ။ Free အသင်းဝင်အကောင့်နဲ့ အမြဲတမ်းလေ့လာနိုင်ပါတယ်။ ဝယ်ပြီးသား Course အားလုံးဟာ မိမိအကောင့်မှာရှိနေမှာဖြစ်ပါတယ်။
အကောင့်ပျက်သွားရင်ဖြစ်စေ၊ ပျောက်သွားရင်ဖြစ်စေ ဝယ်ယူထားတဲ့ Course အားလုံးပျက်စီးသွားနိုင်ပါတယ်။ မိမိအကောင့်မပျောက်ပျက်ရေးအတွက် မိမိဘက်က တာဝန်ယူပေးရမှာဖြစ်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာအရ ကျနော့်ဘက်က ကူညီနိုင်တာရှိရင် ကူညီပေးပါမယ်။ သို့သော် မသမာသော အကောင့်ပိုင်ရှင်များပါဝင်လာပါက အရှုပ်အရှင်းတချို့ရှိလာနိုင်တဲ့အတွက် ကျနော့်ဘက်က အထူးတာဝန်ယူမည်မဟုတ်ကြောင်း ကြိုတင်အသိပေးပါတယ်။ ဥပမာ … Course တစ်ခုဝယ်ယူထားပြီး အကောင့်ပျက်သွားပြီဟုဆိုကာ Course နှစ်ခု ပြန်တောင်းခြင်းမျိုး။
ဟုတ်ကဲ့ … Point တွေနဲ့ Course တွေကို ဝယ်ယူခွင့်ရှိပါတယ်။ သို့သော် လောလောဆယ် Support မပေးသေးပါဘူး။ ကျနော့်ဘက်က လိုအပ်ချက်တချို့နဲ့ စမ်းသပ်မှုတချို့ပြုလုပ်နေဆဲဖြစ်လို့ပါ။ ကျနော့်ဘက်က အဆင်သင့်ဖြစ်ရင် အကြောင်းပြန်ပါမယ်။
အနာဂတ် Plan အရ …
မိတ်ဆွေတို့ အနေနဲ့ Point တွေကို အခမဲ့ စုဆောင်နိုင်အောင် အလုပ်တချို့ ခိုင်းပါမယ်။
ဥပမာ … Website Share ခိုင်းခြင်း၊ Invite လုပ်ခိုင်းခြင်း စသဖြင့်
အဲဒီ အလုပ်တချို့ အောင်မြင်လာတိုင်း အခမဲ့ Point တွေရရှိလာပါမယ်။ အဲဒီရလာတဲ့ Point အလိုက် Paid Course တွေကို အခမဲ့ ဝယ်ယူခွင့်ရပါလိမ့်မယ်။ ကျနော့်ဘက်ကလည်း Course တိုင်းအတွက် Point တန်ဖိုးတချို့ ပြင်ဆင်ပေးပါဦးမယ်။
ဟုတ်ကဲ့ … Course ဖြစ်စေ၊ အသင်းဝင်ကြေးဖြစ်စေ စျေးနှုန်းအတက်အကျရှိနိုင်ပါတယ်။ အထူးသဖြင့် ကျနော့်ဘက်က အကုန်အကျတွေများလာတဲ့အခါ Website ရေရှည်ရပ်တည်နိုင်ရေးအဖြစ် Course စျေးနှုန်းတက်သွားနိုင်ပါတယ်။ လတ်တလောတွေ့ထားတဲ့ နှုန်းကို အမြန်ဆုံး ဝယ်ထားဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။ မဟုတ်ရင်တော့ သက်ဆိုင်ရာစျေးနှုန်းအလိုက် ငွေပေးချေရမှာဖြစ်ပါတယ်။ Paid Course အားလုံး တကြိမ်သာ ( One Time Payment ) ဖြစ်ကြောင်း သတိပြုပါ။ မိတ်ဆွေတို့ဘက်က တကြိမ်ပေးချေလိုက်တာဟာ တသက်လုံးအသုံးပြုခွင့်ရသွားနိုင်ပေမယ့် ကျနော့်ဘက်က ကုန်ကျမှုတွေဟာ နှစ်စဉ်၊ လစဉ် အမြဲရှိနေပါတယ်။ ဥပမာ … Domain, Hosting နှစ်စဉ်ကြေး၊ Plugin အမျိုးမျိုးအတွက် လစဉ်ကြေး စသဖြင့် … ဒါကြောင့် စျေးနှုန်းအတက်အကျနဲ့ အပြောင်းအလဲ အမြဲတမ်းရှိနိုင်ကြောင်းနားလည်ပေးပါ။ မြန်မြန်ဝယ်ထားတာကသာ စိတ်ချရပါတယ်။ ကျန်တာကတော့ မိတ်ဆွေတို့ သဘောပါ။
Paid Course တွေအတွက် သက်ဆိုင်ရာ အဆင့်အထိ ပြည့်စုံအောင် သင်ပေးသွားမှာပါ။ ကျနော့်ဘက်က အချိန်နဲ့အမျှ ကြိုးစားလျှက်ရှိပါတယ်။ သို့သော် မိမိတက်ရောက်နေတဲ့ Course အဆင့်ကို သတိပြုပေးပါ။ Intermediate အဆင့်သည် Advanced အဆင့်သင်ရိုးအထိ သင်ခွင့်ရမည်မဟုတ်ပါ။
ဟုတ်ကဲ့ … ပထမဆုံးအနေနဲ့ ကျနော့်ဘက်က ပြောချင်တာက ကျနော့်ဘက်မှာလည်း ကုန်ကျမှုများစွာရှိပါတယ်။ အဲဒီကုန်ကျမှုတွေကို အသေးစိတ်တွက်မပြတော့ပါဘူး။ မိမိဘာသာ အင်တာနက်မှာ လေ့လာစုံစမ်းကြည့်နိုင်ပါတယ်။ ကျနော်ယူသင့်တာထက် ပိုမယူထားပါဘူး။ တတ်နိုင်သမျှ သင့်တော်တဲ့ နှုန်းထားမျိုးဖြစ်အောင် စီစဉ်နေပါတယ်။ အဲဒီထဲမှာမှ … မိတ်ဆွေတို့ အဆင်ပြေရေးအတွက် …
လျော့စျေးကူပွန်ကုဒ်အစီအစဉ်တွေ
Point စနစ်တွေ
Free စနစ်တွေလည်း စီစဉ်ထားသလို၊ ဆက်ပြီးလည်း စီစဉ်နေပါတယ်။ အဆင့်မြင့် သင်တန်းတွေ ဝယ်ယူပြီး မတက်နိုင်လည်း မိတ်တွေအတွက် အရှုံးမရှိပါဘူး။ အခမဲ့ အကောင့်တခုနဲ့ Free သင်တန်းပေါင်းများစွာတက်ပြီး ဆရာတဆူလုပ်နိုင်မှာပါ။ Free တွေလည်း အများကြီးတင်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ အဓိက ပြဿနာက ကျနော်ရဲ့ အချိန်ပေးနိုင်မှုနဲ့ ကျနော်စိုက်ထုတ်နိုင်မယ့် ငွေအရင်းအနှီးဖြစ်ပါတယ်။ ကျနော့်ဘက်က တခုခုချို့ယွင်းသွားတာနဲ့ ကျနော့် Website ဟာ ကျဆုံးသွားပါလိမ့်မယ်။ ကျနော်ကျဆုံးတာနဲ့ မိတ်ဆွေတို့ရဲ့ အခွင့်အရေးတွေအားလုံး ကျရှုံးသွားနိုင်ပါတယ်။ ဒီတော့ … စျေးကြီးတယ်ပြောနေမယ့်အစား … တက်နိုင်မှ တက်ပါ။ ကျနော်ကတော့ လုပ်နိုင်သလောက် ကြိုးစားလုပ်ဆောင်သွားပါမယ်။
အနာဂတ် Plan အရ Zoom လို နည်းစနစ်မျိုးတွေနဲ့ တိုက်ရိုက်သင်ကြားနိုင်ဖို့ အစီအစဉ်ရှိပါတယ်။ သို့သော် လတ်တလော အကောင်အထည်ဖော်ဖို့ခက်နေပါတယ်။ ဒါကြောင့် ဘာမှ မလုပ်ဖြစ်သေးပါ။ အဓိက ပြဿနာမှာ …
- သင်ယူသူနဲ့ သင်ပေးသူ နိုင်ငံမတူတဲ့အခါ အချိန်ညှိရခက်ခဲနိုင်ခြင်း
- သင်ယူသူနဲ့ သင်ပေးသူ အားလပ်ချိန် မတူညီနိုင်ခြင်း
- သင်ယူသူတချို့အတွက် Internet Data ကုန်ကျမှု မခံနိုင်တဲ့အခါ ခက်ခဲနိုင်ခြင်း
ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ ဒါတွေကို ဘယ်လိုအကောင်းဆုံး စီစဉ်ရမလဲဆိုတာ သေချာတွေးပြီးရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
Offline ဖတ်နိုင်ဖို့အတွက် စနစ်အရ မပံ့ပိုးနိုင်သေးပါဘူး။ ကျနော့်ဘက်က ကြိုးစားကြည့်ပါဦးမယ်။ နောက်ပိုင်းတွေမှာ သင်ခန်းစာပြီးဆုံးထားသူတွေကို pdf ဖိုင်အဖြစ် Download ချပြီး Offline အနေနဲ့ဖတ်နိုင်အောင် ပြုလုပ်ပေးပါဦးမယ်။
သင်တန်းကဏ္ဍမှာ ပထမသင်ခန်းစာက ပြီးသွားပါပြီ။ ဒါပေမယ့် ဒုတိယသင်ခန်းစာက Lock မပွင့်ဘူး။ ဘယ်လိုလုပ်ရမလဲ?
သင်ခန်းစာတခုပြီးတိုင်းမှာ သင်ခန်းစာရဲ့အောက်ခြေက COMPLETE ဆိုတဲ့ ခလုတ်လေးကို နှိပ်ပေးပါ။ မဟုတ်ရင် Lock မပွင့်တတ်ပါဘူး။ နောက်တချက်က ကျနော့် Website မှာ မိတ်ဆွေတို့ အဆင်ပြေရေးအတွက် နည်းပညာတချို့သုံးထားပါတယ်။ ဒါကြောင့် COMPLETE နှိပ်ထားပါလျှက် Lock မပွင့်ဘူးဆိုရင် Page ကို Refresh လုပ်ပေးပါ။ ကွန်ပြူတာနဲ့သုံးနေသူဆိုရင် Ctrl+F5 ကို ပူးတွဲနှိပ်ပေးလိုက်တာက ပိုကောင်းပါတယ်။ အရိုးရှင်းဆုံးနည်းလမ်းကတော့ Website ကို အပြီးပိတ်ချလိုက်ပါ။ ပြီးမှပြန်ဝင်ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ ဒီအဖြစ်မျိုးတွေက တခါတရံမှသာဖြစ်တတ်ပါတယ်။ ကျနော့်ဘက်ကလည်း နည်းပညာအရ အဖြေရှာပြီး ကူညီနိုင်ဖို့ ကြိုးစားပေးပါမယ်။
လောလောဆယ်သတ်မှတ်ချက်အရ … သင်တန်းလက်မှတ် ( Certificate ) ကို အခမဲ့သင်တန်းသားတွေအတွက် ထုတ်မပေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အခမဲ့သင်တန်းတက်နေသူတွေဟာ မည်သူမည်ဝါဖြစ်ကြောင်း ကျနော့်ဘက်မှ အတည်ပြုထားခြင်းမရှိလို့ပါ။ အဆင့်မြင့်သင်တန်းတွေမှာတော့ သင်တန်းလက်မှတ်ထုတ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့်လည်း ကျနော့်ဘက်က အတည်ပြုထားတဲ့ တပည့်မျိုးမဟုတ်ရင် ထုတ်မပေးပါဘူး။ ကျနော်ထုတ်ပေးလိုက်တဲ့ လက်မှတ်ရသူတွေဟာလည်း ကျနော်ယုံကြည်ရတဲ့ သူတွေပဲ ဖြစ်စေချင်လို့ပါ။
သင်တန်းဟာ Online ( Digital ) သင်တန်းအမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် ပြန်အမ်းငွေမူဝါဒမရှိပါ။ ပြီးပြည့်စုံတဲ့ သင်တန်းဖြစ်လာဖို့ ကျနော့်ဘက်က တာဝန်ယူပါတယ်။ မိတ်ဆွေဘက်က သင်တန်းမတက်ခင် စဉ်းစားဆုံးဖြတ်ပြီးမှသာ ငွေပေးချေစေလိုပါတယ်။
သင်တန်းဝယ်ယူထားတဲ့ Email ကို သင်တန်းသားတစ်ယောက်အဖြစ်သတ်မှတ်ပါတယ်။ မိတ်ဆွေဘက်မှ Email ပျောက်ပျက်ခြင်း၊ အကြောင်းတခုခုကြောင့် ပြောင်းလဲလိုခြင်းများအတွက် ကျနော့်ဘက်မှ တာဝန်ယူမည်မဟုတ်ပါ။ ချွင်းချက်များအနေနှင့် … အောက်ပါအခြေအနေများတွင် Email ပြောင်းလဲခွင့်ပြုပေးနိုင်ပါသည်။
- သင်တန်းအတွင်း မရောက်မီ
- သင်တန်းအတွင်း ရောက်ပြီး ပထမဆုံး Section မပြီးခင်
သင်တန်းလက်မှတ် ( Certificate ) အတွက် သင်တန်းသားမှ ပထမဆုံးပေးထားသော နာမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ် စသည်တို့ကို သာ အတည်ပြုပြီး သင်တန်းလက်မှတ်ကို ထုတ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိဘက်မှ မိမိ သင်တန်းလက်မှတ်အတွက် မှန်ကန်သောအတည်ပြုချက်ကို ရရှိနိုင်စေဖို့ မိမိဘက်မှ အချက်အလက်များကို တိတိကျကျ ပေးထားရမှာဖြစ်ပါတယ်။ သင်တန်းလက်မှတ်ထုတ်ပြီးကာမှ အကြောင်းကြောင်း ကြောင့် နာမည်ပြန်ပြောင်းခြင်းများအတွက် ကျနော့်ဘက်မှ တာဝန်ယူမည်မဟုတ်ပါ။
သင်တန်းလက်မှတ် ( Certificate ) မှာ သင်တန်းသားတစ်ဦးအတွက် တကြိမ်သာ ထုတ်ပေးကြောင်း သတိပြုပါ။