Have a question?
အမည်
Email လိပ်စာ
ဖုန်းနံပါတ်
ပြောချင်တဲ့စကား
Delete file
Are you sure you want to delete this file?
Message sent Close
Special course

ဝိဇ္ဇာဓရလောကီပညာ ( အဆင့်မြင့် )

ဝိဇ္ဇာဓရလောကီပညာတွေရဲ့ လျှို့ဝှက်ချက်တွေကို ဒီသင်တန်းမှာ ပြောပြပေးထားပါတယ်။ ဒီသင်တန်းတက်ဖို့ Level အသင်းဝင်တစ်ယောက်လည်းဖြစ်ရပါမယ်။
Instructor
Thuta Sann
1 Student enrolled
0
0 reviews
  • Description
  • Curriculum
  • Notice
  • Reviews
20230110_222934

ဒီသင်တန်းဟာ လျှို့ဝှက်ထားတဲ့ မြန်မာ့ဂမ္ဘီရပညာတွေကို အထူးတလည် မွမ်းမံသင်ကြားပေးသွားမယ့် သင်တန်းတခုဖြစ်ပါတယ်။

  • ရှေးဟောင်းအယူအဆတွေကို ခေတ်နဲ့အညီ နှိုင်းယှဉ်ပြခြင်း
  • ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲသင့်တာတွေကို ရွေးထုတ်ခြင်း
  • အင်းစမ လျှို့ဝှက်လမ်းစဉ်၊ အင်းစမဆိုရာ အားနည်းချက်၊ အားသာချက်
  • စစ်မှန်သော ဂါထာ၊ အယူအဆ၊ မန္တန်ဆိုင်ရာ

စသဖြင့် အမျိုးစုံလင်အောင် သင်ကြားပေးသွားမှာဖြစ်တဲ့အတွက် Super Advanced အဆင့်လို့တောင် ဆိုနိုင်ပါတယ်။ ဒီတော့ မိတ်ဆွေဟာ ဒီသင်တန်းကို တက်ခွင့်ရဖို့ သင်တန်းကြေးပေးရုံလောက်နဲ့ မလုံလောက်ပါဘူး။ Level အဆင့်ထိ အသင်းဝင်ထားမှ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့် ဒီလောက်အထိ ကန့်သတ်ချက်များ သွားသလဲဆိုတာတော့ အထူးရှင်းမပြတော့ပါဘူး။ သင်ခန်းစာခေါင်းစဉ်တွေကိုကြည့်ပြီး မိမိဘာသာ ခန့်မှန်းနိုင်မယ်လို့ ထင်ပါတယ်။ ဒီသင်တန်းမှာ ကျနော့်ဆရာကြီးဦးမြရင်ရဲ့နည်းလမ်းတွေကို ဦးစားပေးဖော်ပြသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အယူအဆသစ်တွေ အများကြီးပါဝင်လာမှာဖြစ်တဲ့အတွက် ဝိဇ္ဇာပါရမီကြီးတဲ့သူတွေကို ဖိတ်ခေါ် လိုက်ပါတယ်။

သိဖွယ်မှတ်ဖွယ်
အင်းပညာကဏ္ဍ
မန္တန်ပညာကဏ္ဍ

တကယ်တမ်းပြောရရင် ဒီသင်တန်းအတွက် သင်တန်းကြေးသတ်မှတ်ရတာက အင်မတန်ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီသင်တန်းမှာ သင်ပေးမယ့် ပညာရပ်တွေဟာ တန်ဖိုးဖြတ်လို့ မရလောက်အောင် တန်ဖိုးရှိနေတဲ့ ပညာရပ်တွေ၊ အယူအဆတွေ၊ နည်းလမ်းတွေပါဝင်နေလို့ဖြစ်ပါတယ်။ သင်တန်းကြေး မသတ်မှတ်ထားလို့လည်း မဖြစ်ပါဘူး။ လူတိုင်းလွယ်လွယ်ရ၊ လွယ်လွယ်အသုံးပြုပြီး ပေါက်ကရတွေ ဖြစ်ကုန်ရင် လောကအကျိုးယုတ်ပါတယ်။ သင်တန်းကြေးသတ်မှတ်ပြန်တော့လည်း တန်ကြေးက ဒီလောက်ပဲရှိတဲ့ ပညာပါလို့လည်း အထင်ခံရမှာစိုးပါသေးတယ်။ နောက်တချက်က အနောက်တိုင်း လောကီပညာမှာတောင် သင်တန်းကြေးသတ်မှတ်ခဲ့ရင် မြန်မာ့ပညာမှာလည်း သူ့ထက်မနည်းတဲ့ တန်ဖိုးတော့ ရှိနေသင့်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် သင့်တင့်တဲ့ သင်တန်းကြေးကို သတ်မှတ်ပေးထားပါတယ်။ ဒီလောက်ပဲ တန်တဲ့ ပညာရပ်တွေလားလို့ အထင်မမှားစေလိုပါ။ သင်တန်းတက်ပါလို့ မပြောလိုပါဘူး။ တက်ချင်ရင် ဒီလို သင်တန်းမျိုးရှိပါတယ်လို့ အသိပေးချင်တာပါ။ 

Member Login
 
 

This website uses cookies and asks your personal data to enhance your browsing experience.