ဒီသင်တန်းဟာ လျှို့ဝှက်ထားတဲ့ မြန်မာ့ဂမ္ဘီရပညာတွေကို အထူးတလည် မွမ်းမံသင်ကြားပေးသွားမယ့် သင်တန်းတခုဖြစ်ပါတယ်။
- ရှေးဟောင်းအယူအဆတွေကို ခေတ်နဲ့အညီ နှိုင်းယှဉ်ပြခြင်း
- ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲသင့်တာတွေကို ရွေးထုတ်ခြင်း
- အင်းစမ လျှို့ဝှက်လမ်းစဉ်၊ အင်းစမဆိုရာ အားနည်းချက်၊ အားသာချက်
- စစ်မှန်သော ဂါထာ၊ အယူအဆ၊ မန္တန်ဆိုင်ရာ
စသဖြင့် အမျိုးစုံလင်အောင် သင်ကြားပေးသွားမှာဖြစ်တဲ့အတွက် Super Advanced အဆင့်လို့တောင် ဆိုနိုင်ပါတယ်။ ဒီတော့ မိတ်ဆွေဟာ ဒီသင်တန်းကို တက်ခွင့်ရဖို့ သင်တန်းကြေးပေးရုံလောက်နဲ့ မလုံလောက်ပါဘူး။ Level အဆင့်ထိ အသင်းဝင်ထားမှ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့် ဒီလောက်အထိ ကန့်သတ်ချက်များ သွားသလဲဆိုတာတော့ အထူးရှင်းမပြတော့ပါဘူး။ သင်ခန်းစာခေါင်းစဉ်တွေကိုကြည့်ပြီး မိမိဘာသာ ခန့်မှန်းနိုင်မယ်လို့ ထင်ပါတယ်။ ဒီသင်တန်းမှာ ကျနော့်ဆရာကြီးဦးမြရင်ရဲ့နည်းလမ်းတွေကို ဦးစားပေးဖော်ပြသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အယူအဆသစ်တွေ အများကြီးပါဝင်လာမှာဖြစ်တဲ့အတွက် ဝိဇ္ဇာပါရမီကြီးတဲ့သူတွေကို ဖိတ်ခေါ် လိုက်ပါတယ်။