Have a question?
အမည်
Email လိပ်စာ
ဖုန်းနံပါတ်
ပြောချင်တဲ့စကား
Delete file
Are you sure you want to delete this file?
Message sent Close

အသင်းဝင်လျှောက်ထားနည်း

( ၁ ) https://coder-guru.com လို့ ရိုက်ဝင်လိုက်တာနဲ့ အောက်ပါစာမျက်နှာကို ရောက်သွားပါလိမ့်မယ်။

 

( ၂ ) အသင်းဝင်ချင်တဲ့အတွက် SIGN UP ဆိုတာကို နှိပ်လိုက်ပါ။

 

( ၃ ) ဒါဆိုရင် အသင်းဝင်အကောင့်လျှောက်ရမယ့် စာမျက်နှာကို ခုလို ရောက်လာပါလိမ့်မယ်။ အဲဒီစာမျက်နှာရဲ့ အပေါ်ပိုင်းမှာ အောက်ကပုံထဲကလို အသင်းဝင် Plan တွေရှိပါလိမ့်မယ်။ မိမိနှစ်သက်ရာ Plan တစ်ခုကို ရွေးထားပြီး အောက်ကို ဆက်သွားပါ။

( ၄ ) အောက်ကို ဆက်သွားလိုက်မယ်ဆိုရင် အောက်ကပုံလို Form ဖြည့်ရမယ့် နေရာကို ရောက်ပါပြီ။ တောင်းထားတဲ့အချက်တွေကို တတ်နိုင်သမျှ မှန်မှန်ကန်ကန်ဖြည့်ပေးမယ်ဆိုရင် ရေရှည်အတွက် ပိုပြီး အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျနော့်ဘက်က မိတ်ဆွေတို့ကို အထူးကန့်သတ်ချက်တွေ မပေး လိုပါဘူး။ တစုံတရာ အမှားအယွင်းကြောင့် နောက်ပိုင်း အမှားအယွင်းတခုခုဖြစ်လာတဲ့အခါ မိတ်ဆွေတို့ရဲ့ တာဝန်သာဖြစ်ပါတယ်။ ကျနော့်ဘက်က ဘာမှ ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ မှန်မှန်ကန်ကန်နဲ့ တိတိကျကျဖြည့်ခဲ့ရင်တော့ အမှားတခုခု ကြုံလာတဲ့အခါ ကျနော်ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒီ Form ထဲမှာ အဓိက မိတ်ဆွေမှတ်မိနေရမှာက Username နဲ့ Password ဖြစ်ပါတယ်။ ကျန်တာတွေက မိမိရဲ့ Data အစစ်အမှန်တွေဆိုရင် မေ့စရာအကြောင်းမရှိတဲ့အတွက် ပြဿနာမရှိပါဘူး။

အဲဒီ Username နဲ့ Password ကတော့ အသင်းဝင်အကောင့်ဝင်တိုင်း အသုံးပြုပေးရမှာဖြစ်ပါတယ်။

ပြီးတော့ First Name ( မိမိနာမည် ) Last Name ( မိသားစုနာမည် ) ဆိုပြီး အနောက်တိုင်း Form တွေက အလုပ်လုပ်ပါတယ်။ ကျနော်က Plugin ဝယ်သုံးထားရတဲ့အတွက် ပြင်ဆင်ခွင့်မရှိပါဘူး။ မြန်မာနိုင်ငံသားတွေအတွက်ကတော့ … မိမိအဆင်ပြေသလို ထည့်သွင်းပေးနိုင်ပါတယ်။ ဥပမာ … နာမည်နှစ်လုံးရှိရင် ခွဲထည့်ပါ။ နာမည်သုံးလုံးရှိရင် ရှေ့နှစ်လုံး+ နောက်တစ်လုံးအဖြစ်ခွဲထည့်နိုင်ပါတယ်။

  • First Name: Thuta
  • Last Name: Sann

နောက်ဆုံး အသိပေးချင်တာကတော့ မိမိလက်ရှိနေထိုင်တဲ့ တိုင်းပြည်ကို မှန်မှန်ကန်ကန်ထည့်ပေးပါ။ တချို့ Code တွေက မိမိရဲ့ IP Address ကို ယူသုံးနိုင်တဲ့အတွက် IP အပြောင်းအလဲရှိတဲ့အခါ အကောင့် အတွက် တစုံတရာ Error တွေဖြစ်လာနိုင်လို့ပါ။ မတော်တဆ Error တွေလာရင်လည်း စိတ်မပူပါနဲ့။ thutasann@gmail.com ကို တိုက်ရိုက်ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါတယ်။ ကျနော်နားလည် သလောက်ကူညီဖြေရှင်းပေးသွားပါမယ်။

( ၅ ) ဒီအဆင့်က Free အသင်းဝင်အကောင့်လျှောက်ထားသူတွေအတွက် ကြည့်စရာမလိုပါဘူး။ ကျော်သွားလို့ရပါတယ်။ Level အသင်းဝင်အကောင့်လျှောက်သူတွေကတော့ မဖြစ်မနေ ကြည့်ပေးရပါ မယ်။

 

ငွေပေးချေမယ့် Payment အမျိုးအစားကို ဒီအဆင့်မှာ ရွေးချယ်ရမှာပါ။ လောလောဆယ် Paypal နဲ့ Stripe အကောင့်ကို ပံ့ပိုးပေးထားပါတယ်။ မိမိနှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။ အကောင့်နှစ်ခုလုံးဟာ ယုံကြည်စိတ်ချရပါတယ်။ ကျနော်ကတော့ Paypal ကို အသုံးပြုတာများတဲ့ အတွက် Paypal ကို ပိုပြီး အကြံပြုချင်ပါတယ်။

How you want to pay? အောက်မှာ ရွေးချယ်စရာနှစ်ခုပါဝင်ပါတယ်။

( က ) Auto Debit Payment ဆိုတာကို ရွေးခဲ့ရင် လစဉ်ကြေးကို သတ်မှတ်ရက်ရောက်တိုင်း မိတ်ဆွေဘက်က ဘာမှ လုပ်ဆောင်စရာမလိုပဲ သူ့ဘာသာသူ ငွေလွှဲပေးနေမှာဖြစ်ပါတယ်။

( ခ ) Manual Payment ဆိုတာကို ရွေးခဲ့ရင်တော့ လစဉ်ကြေးကို သတ်မှတ်ရက်ရောက်တာနဲ့ မိတ်ဆွေဘက်က သတိတရနဲ့ ငွေလွှဲပေးရမှာဖြစ်ပါတယ်။ မိတ်ဆွေအတွက် နည်းနည်းတော့ အလုပ်ရှုပ်စေမှာပါ။ ကျနော့်အယူအဆကတော့ Auto ကို အသုံးပြုစေချင်ပါတယ်။ မိတ်ဆွေမလိုချင်ရင် အချိန်မရွေး Cancel လုပ်နိုင်ခွင့်ရှိပါတယ်။ သို့မဟုတ် ကျနော့်ဆီကို ဆက်သွယ်နိုင်ပါတယ်။

အထူးသတိပြုစရာတစ်ခုကတော့ လစဉ်ကြေးပေးရတဲ့ အကောင့်တိုင်းဟာ လစဉ်ကြေးပေးဖို့ ပျက်ကွက်တာနဲ့ ချက်ချင်းဆိုသလို FREE အသင်းဝင်အဆင့်ကို ပြောင်းပစ်ပါလိမ့်မယ်။

Payment ကို Stripe ရွေးခဲ့ရင်တော့ မိတ်ဆွေဘက်က အောက်ပါအတိုင်း လိုအပ်ချက်တွေကို ဖြည့်ပေးရမှာဖြစ်ပါတယ်။

( ၆ ) ဒီအဆင့်ကတော့ တခါတရံ ကျနော့်ဘက် မိတ်ဆွေတို့အတွက် ကူပွန်ကုဒ်တွေ ချပေးနိုင်ပါတယ်။ တကယ်လို့ ရထားရင် အတည်ပြုပေးရမယ့် အဆင့်ဖြစ်ပါတယ်။ အောက်က ပုံကို လေ့လာပါ။

အကယ်၍ မိတ်ဆွေမှာ ကူပွန်ကုဒ်မရှိရင် အဲဒီနေရာကို ကွက်လပ်ချန်ထားခဲ့လိုက်ပါ။ ရှိရင်တော့ ထည့်ပြီး Apply ကိုနှိပ်လိုက်ပါ။ ဒါဆို အောက်က ပုံအတိုင်း ဖြစ်သွားပါလိမ့်မယ်။

နောက်ဆုံး အတည်ပြုခလုတ်ဖြစ်တဲ့ Submit ကို နှိပ်လိုက်မယ်ဆိုရင် Free Member အတွက် အကောင့်တစ်ခုရပါပြီ။ Login ဝင်ပြီး ကျနော့် Website မှာ ပေးထားသမျှကို ရှာဖွေလေ့လာနိုင်ပါပြီ။

Login ဝင်နည်းမသိရင် Click Here

Paid Member တွေဖြစ်တဲ့ Level အသင်းဝင်တွေကတော့ Submit ကို နှိပ်လိုက်တာနဲ့ ငွေပေးချေရမယ့် စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ ကျနော့်ဘက်က Screenshot ပြဖို့ ခက်ခဲတာကြောင့် မိတ်ဆွေတို့ ဘာသာဆက်လက်လုပ်ဆောင်ကြည့်ပါ။ တခါတရံ မိမိရဲ့ Email အကောင့်မှန်မမှန်ကို ပြန်စစ်ဆေးနိုင်တဲ့ အတွက် အကောင့်လျှောက်ထားတဲ့ Email ရဲ့ Inbox ထဲမှာ ဝင်ရောက်စစ်ကြည့်ပေးဖို့လည်း လိုအပ်နိုင်ပါ တယ်။

Member Login
 
 

This website uses cookies and asks your personal data to enhance your browsing experience.