SannMaha ဆော့ဝဲအား Backup လုပ်ပြီးသိမ်းထားပါက ရာသက်ပန် ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။
SannMaha တွင်ပါလာသော License Key ( Activation Key ) သည် Software စတင် Install လုပ်သည့်ဖုန်းအတွက်သာဖြစ်ပါသည်။
အောက်ပါလုပ်ရပ်များကြောင့် License သက်တမ်းပျက်စီးနိုင်ပါသည်။
- Software ကို Uninstall လုပ်ခြင်း
- အခြားဖုန်းများသို့ ထပ်မံသွင်းခြင်း
License သက်တမ်းပျက်စီးပါက သတ်မှတ် License ကြေးဖြင့် သက်တမ်းတိုးရပါမည်။
အောက်ပါအချက်များကြောင့် License သက်တမ်းမပျက်စီးနိုင်ပါ။
- ဖုန်း A တွင် Uninstall လုပ်ပြီး ဖုန်း A တွင် Install ပြန်လုပ်ခြင်း
License သက်တမ်းက ဘယ်လောက်ခံမလဲ?
License သက်တမ်းဟာ မိမိဖုန်းရဲ့သက်တမ်းပေါ်မူတည်ပါတယ်။ ဖုန်းမပျက်စီးသရွေ့ သက်တမ်းတာရှည်ခံပါတယ်။
License သက်တမ်းတိုးတာက ဘယ်လောက်ကြာမလဲ?
License ပြန်ရဖို့က ပုံမှန်အားဖြင့် ၂၄ နာရီအတွင်းရနိုင်ပါတယ်။ အထူးသဖြင့် မိတ်ဆွေဆီက ပေးပို့ရမယ့် Key နဲ့ License ကြေးပေးသွင်းမှုရှိမရှိပေါ်မူတည်နိုင်ပါတယ်။
License ကြေးကဘယ်လောက်လဲ?
License ကြေးကို Au$50 သတ်မှတ်ထားပါတယ်။ နှုန်းထားပြောင်းလဲနိုင်ပါတယ်။ ပြောင်းလဲမှုရှိမရှိ ဒီနေရာမှာအမြဲဝင်စစ်ပါ။
License Key ကို သူများပေးသုံးခွင့်ရှိသလား?
License ဟာ မိမိဖုန်းအတွက်သာဖြစ်ပါတယ်။ မိမိဖုန်းသော်မှ ဖုန်းအသစ်မှာ အလုပ်လုပ်မည်မဟုတ်ပါ။ ဖုန်းအသစ်ဖြစ်ပါက License အသစ်ရယူရမှာဖြစ်ပါတယ်။
Pro Plan ဝယ်ထားတဲ့အတွက် Version အသစ်ထပ်ရလို့ထည့်လိုက်ပါတယ်။ Key အသစ်တောင်းနေတယ် ဘာလုပ်ရမလဲ?
မူလဖုန်းမှာပြန်ထည့်သွင်းတာဆိုရင် မူလ Key ပြန်သုံးနိုင်ပါတယ်။ မဟုတ်ရင်လည်း Version အသစ်အတွက် Key ကို အခမဲ့ပေးမှာဖြစ်ပါတယ်။
Pro Plan ကို သူများပေးသုံးရင် License ပျက်ပါသလား?
Pro Plan ကိုင်ထားသူတိုင်းဟာ မိမိနာမည်နဲ့တရားဝင် အသုံးပြုနေကြသူတွေဖြစ်ပါတယ်။ တခြားတယောက်ယောက်ကို ပေးမသုံးသင့်ပါဘူး။ ပေးသုံးလို့ တစုံတရာ ပြဿနာရှိလာခဲ့ရင် မိမိမှာသာ တာဝန်ရှိပါတယ်။ License သက်တမ်းတင်မက Software Plan ပါပျက်စီးသွားနိုင်ပါတယ်။