ဆန်းမဟာဆော့ဝဲအတွက် မှတ်ပုံတင်ခြင်း
ဆန်းမဟာဆော့ဝဲကို စိတ်ဝင်တစား နဲ့ မေးမြန်းဆက်သွယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆော့ဝဲ ဝယ်ယူလိုပါက အောက်ပါ အချက်အလက် တွေကို မိတ်ဆွေဘက်က လိုက်နာပေးရမှာဖြစ်ပါတယ်။
ဆော့ဝဲမူပိုင်ခွင့် မှတ်ပုံတင်ခြင်းအတွက် အောက်ပါအချက်အလက်များကို ပေးပို့ရပါမယ်။
( ၁ ) အစစ်အမှန်အသုံးပြုနေသော နာမည် ( မှတ်ပုံတင်နာမည်၊ ဆရာနာမည် စသည် … )
( ၂ ) Scan ဖတ်ထားသော ရှေ့နောက် မှတ်ပုံတင်မိတ္တူ
( ၃ ) လတ်တလောရိုက်ထားသော မိမိဓာတ်ပုံ ( လိုင်စင်ပုံ စသည် … )
( ၄ ) အမြဲနေရပ်လိပ်စာ
( ၅ ) ဆက်သွယ်ရမည့် ဖုန်းနံပါတ်
( ၆ ) ဝယ်ယူလိုသည့် Plan ( Basic or Plus or Master or Pro ) အသေးစိတ်ကြည့်ရန်
မူပိုင်ခွင့်မှတ်ချက် ( သို့ ) လိုက်နာရမည့် စည်းကမ်းများ
( ၁ ) ဆော့ဝဲသည် ကျွန်ုပ်၏ တဦးတည်းပိုင်သော မူပိုင်ဖြစ်ပါသည်။ ထို့ကြောင့် ဝယ်ယူသူဘက်မှ တဆင့်ပြန်လည်ရောင်း ချခြင်း၊ ဖြန့်ဖြူးခြင်း၊ မျှဝေခြင်း၊ ပြင်ဆင်ခြင်းအားလုံး ခွင့်ပြုမည်မဟုတ်ပါ။
( ၂ ) ဝယ်ယူလိုသည့် Plans အရ မိမိဘာသာစစ်ဆေးပြီး စိတ်ကြိုက်ဖြစ်မှ ဝယ်ယူပါ။ ဝယ်ပြီး ငွေကြေးအား ပြန်အမ်းမည် မဟုတ်ပါ။ ဆော့ဝဲတွင် ပါဝင်သော အဓိက Features များကို နားမလည်ပါက မေးမြန်းနိုင်ပါသည်။
( ၃ ) ဝယ်ယူပြီးသော Plan အတွက် ပိုမြင့်သော Plan ကို ပြောင်းလဲ ဝယ်ယူချင်ပါက သက်ဆိုင်ရာ Plan အလိုက် ငွေပေးချေ ရမှာဖြစ်ပါသည်။ ထို့ကြောင့် မိမိလိုအပ်သော အနေအထားအရ ကြိုတင်စစ်ဆေးပြီးမှသာ ဝယ်ယူနိုင်ပါသည်။ Website မှာ အားလုံး ရှင်းပြထားပြီးဖြစ်ပါသည်။ နားမလည်ပါက ထပ်မံမေးမြန်းစုံစမ်းနိုင်ပါသည်။
( ၄ ) Basic, Plus, Master Plans များအတွက် မြန်မြန်ဆန်ဆန် ဝယ်ယူရရှိနိုင်ပြီး ဆော့ဝဲအတွင်းပါ ကျွန်ုပ်၏ နာမည်နေရာတွင် မိမိနာမည် အစားထိုးခွင့်ရရှိမည်မဟုတ်ပါ။ Pro Plan ၌သာ မိမိနာမည်၊ ဂုဏ်ပုဒ်စသည်ကို တပ်ဆင်အသုံးပြုခွင့်ရပါမည်။ ဤ စည်းမျဉ်းသည် Version 1.0.2 မှ စတင်သော စည်းမျဉ်းဖြစ်ပါသည်။ Version အဟောင်းရှိသူများနှင့် မသက်ဆိုင်ပါ။
( ၅ ) Basic, Plus, Master Plans များအတွက် ဆော့ဝဲ တသက်တာပိုင်ဆိုင်ခွင့်ပေးထားသော်လည်း Upgrade လုပ်ဆောင်ခွင့် ရလိမ့်မည်မဟုတ်ပါ။ ဆော့၀ဲ ပျက်စီး၊ ပျောက်ပျက်ခြင်း မရှိအောင် မိမိဘက်က ထိန်းသိမ်းရပါမည်။ အကယ်၍ ပျောက်ပျက် ပါက ( သုံးကြိမ် ) အခမဲ့ ပြန်လည်တောင်းဆိုခွင့်ရှိပါသည်။ ထို့ထက်ကျော်လွန်ပါက မူလစျေးနှုန်းအတိုင်း ငွေထပ်မံပေးချေ ရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ဆော့ဝဲ Error များတွေ့ပါက ထောက်ပြပေးခြင်းအားဖြင့် အသစ်တဖန် ထပ်မံ ပြင်ဆင်ခွင့်ရပါမည်။ သို့သော် Features အသစ်များကို ထပ်မံတပ်ဆင်ခွင့် မရနိုင်ပါ။
( ၆ ) ဆော့ဝဲဝယ်ယူမှုအတွက် ( မည်သည့် Plan ၌မဆို ) ငွေကြိုတင်ပေးချေရပါမည်။ ငွေဝင်သည်နှင့် Basic, Plus, Master Plans များအတွက် ချက်ချင်း ဒေါင်းရမည့် Link ကို ချပေးနိုင်ပါသည်။ Pro Plan အတွက် ဆော့ဝဲ Build လုပ်ချိန် ရက်အနည်း ငယ်စောင့်ပေးရပါမည်။
( ၇ ) ဆော့ဝဲသည် Android ဖုန်းများအတွက်သာ ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါသည်။ အခြား I Pad, I Phone စသည့် ios အတွက် မဟုတ်ပါ။ အကယ်၍ Window ပေါ်တွင်အသုံးပြုလိုပါက Nox ဆော့ဝဲကို ကြားခံအနေနှင့် အသုံးပြုနိုင်ပါသည်။ မြန်မာစာ Unicode အသုံးပြုနေတဲ့ ဖုန်းများပေါ်တွင် 100% အဆင်ပြေနိုင်ကြောင်း သတိပြုပါ။ အခြား Zawgyi သုံးဖုန်းများအတွက် 80% လောက်သာ မြန်မာစာအဆင်ပြေရေးအတွက် အာမခံပါသည်။