Have a question?
အမည်
Email လိပ်စာ
ဖုန်းနံပါတ်
ပြောချင်တဲ့စကား
Delete file
Are you sure you want to delete this file?
Message sent Close

Terms and Conditions

Terms and Conditions

ဤ Website မြန်မြန်ဆန်ဆန်ဖြစ်မြောက်ရေးအတွက် ကျနော့်ဘက်က ငွေကြေးအကုန်အကျများစွာရှိပါ တယ်။

  • Domain+Hosting နှစ်စဉ်ကြေး
  • လိုအပ်သော Plugin အမြောက်အများအတွက် နှစ်စဉ်ကြေး၊ လစဉ်ကြေး

စတဲ့ အထွေထွေ ကုန်ကျစရိတ်တွေရှိပါတယ်။ ဒီ Website အတွက် Developer မငှားပဲ အစစကိုယ်တိုင် ပြုလုပ်ခဲ့တာပါ။ Developer ငှားစရိတ် မကုန်ပါဘူး။ ဒါပေမယ့် ကျနော့်ရဲ့ အချိန်တွေကတော့များစွာ ကုန်ကျခဲ့ပါတယ်။ ဒီလို ငွေကြေး၊ အချိန် ကုန်ကျခံထားရတဲ့အတွက် ခုလို လိုအပ်ချက်စည်းကမ်းတွေ ချမှတ်လိုက်ရတာဖြစ်ပါတယ်။ စည်းကမ်းတွေကို သေသေချာချာဖတ်ပြီး လိုက်နာပေးစေချင်ပါတယ်။ မဟုတ်ရင် ကျနော့် Website ဟာ ကြာရှည်ရပ်တည်နိုင်ဖို့ မလွယ်ကူပါဘူး။

 

အသင်းဝင်စည်းကမ်းများ

 

( ၁ ) FREE အသင်းဝင်များသည် အကောင့်နှစ်ခုနဲ့ အထက် ပြုလုပ်သုံးစွဲခွင့်မရှိပါ။ အကြောင်းကြောင်း ကြောင့် အကောင့်နှစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကျနော့်ဆီ အသိပေးရမှာဖြစ်ပါတယ်။ Tracking စနစ်အရ စစ်ဆေးတွေ့ရှိပါက အကောင့်မှ ရာသက်ပန် ထုတ်ပယ်ပစ်မှာဖြစ်ပါတယ်။

 

( ၂ ) Level အသင်းဝင်များသည် အကောင့်ကန့်သတ်ချက် တစုံတရာမရှိပါ။ သို့သော် အချက်အလက်မှန် ကန်ပါက ရေရှည်အတွက် ပိုပြီး အကျိုးများနိုင်ပါတယ်။ ဥပမာ … သင်တန်း Certificate System အရ မိမိ အချက်အလက်မှားယွင်းနေပါက မှားယွင်းနေသော Certificate များကိုသာ ရရှိနိုင်ပါတယ်။ ( လောလောဆယ် သင်တန်း Certificate System ကို မပံ့ပိုးနိုင်သေးပါဘူး။ အနာဂတ်အတွက် ကြိုတင် စီမံမှုသာဖြစ်ပါတယ်။ )

 

( ၃ ) အသင်းဝင်တိုင်းသည် မိမိတို့အဆင့်အလိုက် သက်ဆိုင်ရာ သင်ခန်းစာများ၊ ပညာရပ်များကို လေ့လာခွင့်ရရှိမှာဖြစ်ပြီး မိမိတို့နဲ့ မသက်ဆိုင်တဲ့ သင်ခန်းစာတွေကိုတော့ တွေ့မြင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပညာရပ်ဆိုင်ရာသင်တန်း ( Course ) တွေကိုတော့ လူတိုင်းမြင်တွေ့ခွင့်ရ ပါမယ်။ ဝယ်ယူရမယ့် သင်တန်းတိုင်းသည် မိမိလိုအပ်ချက်အရ ဝယ်ယူလိုပါက သီးသန့် ဝယ်ယူရမယ့် အပိုင်းဖြစ်ပါတယ်။ အသင်းဝင်တိုင်း Paid Course တွေကို Free ရရှိလိမ့်မယ်လို့ မဆိုလိုပါဘူး။ Paid Course တွေအတွက် အသင်းဝင်တွေကို Point စနစ်အရဖြစ်စေ၊ Discount coupon code စနစ်အရဖြစ်စေ ပံ့ပိုးနိုင်ဖို့ ကြိုးစားလျှက်ရှိပါတယ်။ လောလောဆယ် Point စနစ်ထည့်သွင်းထားပေမယ့် Point အရမများအောင် ထိန်းချုပ်ထားပါတယ်။ ကျနော့်ဘက်က အစီအစဉ်တချို့ မပြီးသေးလို့ပါ။ ( အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှု တချို့ဖြစ်ပါတယ်။ )

 

( ၄ ) Level အသင်းဝင်အားလုံးဟာ လစဉ်ကြေးပေးရပါမယ်။ လစဉ်ကြေးကို အလိုအလျှောက်ပေးတဲ့ စနစ်အသုံးပြုနိုင်သလို၊ မိမိဘာသာ ပေးတဲ့စနစ်မျိုးလည်း အသုံးပြုနိုင်ပါတယ်။ အချိန်မရွေးလည်း ပယ်ဖျက်နိုင်ခွင့်ရှိပါတယ်။ ( သတိပြုရန်မှာ … Security System အရ လစဉ်ကြေးမပေးတော့ပဲ ရပ်လိုက်တာနဲ့ ချက်ချင်းဆိုသလို FREE အသင်းဝင်အဆင့်ကို ရောက်သွားနိုင်ပါတယ်။ )

 

( ၅ ) လောလောဆယ် စနစ်အားလုံးမှာ ပြုပြင်ဆဲအဆင့်မှာပဲ ရှိနေပါသေးတယ်။ တချို့စနစ်တွေ မစမ်းသပ်ရသေးပါဘူး။ တစုံတရာ Error မျိုးတွေ့ခဲ့တယ်ဆိုရင် ကျနော့်ဆီ Screenshot ရိုက်ပြီး ချက်ချင်း thutasann@gmail.com ကိုအကြောင်းကြားပေးပါ။ ဒါဟာ ကျနော့်ကို ကူညီရာရောက်သလို၊ မိတ်ဆွေတို့အတွက်လည်း ချက်ချင်းအကျိုးရှိစေမှာဖြစ်ပါတယ်။

 

( ၆ ) အသင်းဝင်အဆင့်အလိုက် လေ့လာရမယ့်အရာတွေ၊ သင်ယူရမယ့်ပညာတွေ၊ လျှို့ဝှက်ထားရမယ့် ပညာတွေ စသဖြင့် အသီးသီး ပေးထားပါတယ်။ ဒါတွေကို အသင်းဝင်အဆင့်အလိုက် လျှို့ဝှက်စွာ အသုံးပြုပေးရမှာဖြစ်ပါတယ်။ ကျနော့်ရဲ့ခွင့်ပြုချက်မရှိပဲ တဆင့်ကူးယူဖြန့်ဝေခြင်း၊ သင်ကြားပေးခြင်း များကို ခွင့်မပြုပါဘူး။ ( အထူးသတိပြုပါ။ )

( ၇ ) အကောင့်လျှောက်တဲ့အခါမှာ သက်ဆိုင်ရာ Email ဆီကို Email Verification လင့်ခ်တခု ပေးပို့ထားပါတယ်။ မိမိတို့ရဲ့ အသင်းဝင် Email အကောင့်ရဲ့ Inbox ထဲကိုဝင်ပြီး အတည်ပြုပေးထားပါ။ အတည်မပြုထားကြောင်း စစ်ဆေးတွေ့ရှိပါက Email အတုဟု ယူဆပြီး အကောင့်မှ ဖျက်ပစ်မှာဖြစ်ပါတယ်။ အကယ်၍ မိမိအနေနဲ့ Email စစ်မှန်မှုရှိပါလျှက် မလုပ်ဆောင်တတ်ခြင်း၊ Email Verification လင့်ခ်ရှာမတွေ့ခြင်း စသော အခက်အခဲများရှိပါက thutasann@gmail.com ဆီသို့ မိမိအကောင့်လျှောက်ထားသော Email ဖြင့် ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။ ကျနော့်ဘက်က တစုံတရာ ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

လောလောဆယ် ဒီလောက်ပါပဲ … နောက်မှ ကျနော် ထပ်မံ Update လုပ်ပါဦးမယ်။

Member Login
 
 

This website uses cookies and asks your personal data to enhance your browsing experience.