Have a question?
အမည်
Email လိပ်စာ
ဖုန်းနံပါတ်
ပြောချင်တဲ့စကား
Delete file
Are you sure you want to delete this file?
Message sent Close

Blog

ဗေဒင် Appointment အမြန်ရဖို့ …

မိတ်ဆွေတို့ ကျနော့်ဆီမှာ တိုက်ရိုက်ငွေချေပြီးတာနဲ့ ဗေဒင်မြန်မြန်မေးနိုင်အောင်လို့ Website မှာ စီစဉ်ပေးထားပါတယ်။ ပထမဆုံး ဗေဒင် Form ကို အရင်ဖြည့်ပေးရမှာဖြစ်တဲ့အတွက် … အောက်ပါလင့်ခ်ကနေ တိုက်ရိုက်ဝင်ပါ။

Click Here

အဲဒီမှာ စည်းကမ်းချက်တချို့ရှိပါတယ်။ သေသေချာချာဖတ်ပါ။ ပြီးရင် အောက်ဆုံးမှာ အချက်အလက်ဖြည့်သွင်းရမယ့် Form တစ်ခုရှိပါတယ်။ မှန်မှန်ကန်ကန်ဖြည့်ပါ။ အောက်ဆုံးအဆင့်မှာ ငွေပေးချေရန်ဆိုပြီး ရွေးချယ်စရာနှစ်ခုပါပါတယ်။

  • ပထမနည်းက PayPal နဲ့ ငွေပေးချေတဲ့ နည်းပါ။
  • ဒုတိယနည်းက Stripe နဲ့ ငွေပေးချေတဲ့ နည်းပါ။

မိတ်ဆွေတို့ ကြိုက်တဲ့နည်းကို အသုံးပြုနိုင်ပါတယ်။ ဒီမှာတော့ ကျနော်က PayPal နဲ့ ငွေပေးချေနည်းကို ရှင်းပြပါမယ်။ ဒါကြောင့် ရွေးချယ်မှုမှာ Pay with PayPal ကိုသာရွေးချယ်ထားလိုက်ပါ။ ဘာလို့ ဒီနည်းနဲ့ ရှင်းပြရသလဲဆိုတော့ အကြောင်း ( ၂ ) ချက်ရှိပါတယ်။

ပထမတချက်က PayPal ကို ကျနော်အမြဲသုံးနေကြပါ။ လုံခြုံရေးအားကောင်းတဲ့အတွက်ကြောင့် ရွေးချယ်လိုက်တာပါ။ Stripe ကတော့ ကောင်းကောင်းမသုံးဖူးသေးပါဘူး။ သူလည်း လုံခြုံရေးအားကောင်းအောင် လုပ်ထားမယ်လို့ထင်ပါတယ်။

ဒုတိယတချက်က PayPal ဟာ PayPal အကောင့်ရှိထားရင် အလွယ်တကူ ငွေပေးချေနိုင်သလို၊ အကောင့်မရှိဘူးဆိုရင်လည်း မိတ်ဆွေရဲ့ Debit Card ( သို့ ) Credit Card နဲ့လည်း ငွေပေးချေလို့ ရပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အတွက် ငွေလွှဲရလွယ်ကူမယ့် ဒီနည်းလမ်းနဲ့ပဲ ရှင်းပြပေးပါရစေ။ ကျန်တာကတော့ မိတ်ဆွေတို့ သဘောပါ။

ကောင်းပြီ၊ ပြန်ဆက်ရရင် … Form ဖြည့်ပြီးလို့ ( အတည်ပြုရန် ) ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်တာနဲ့ ခဏစောင့်ပေးပါ။ အောက်ပါအတိုင်း PayPal ရဲ့ စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ ဒီနေရာမှာ မိတ်ဆွေက PayPal အကောင့်ရှိတယ်။ Login လည်းဝင်ထားပြီးသားဆိုရင် အခုပုံအတိုင်း မပြနိုင်ဘူးလို့ နားလည်ထားပေးပါ။ ခုနမူနာက အကောင့်မရှိသူတစ်ယောက်အနေနဲ့ ကျနော်က နမူနာလုပ်ပြထားတာပါ။

အဲဒီစာမျက်နှာမှာ အပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။

ပထမပိုင်းက …

မိတ်ဆွေမှာ PayPal အကောင့်ရှိရင် Login ဝင်ပြီး ငွေပေးချေနိုင်ပါပြီ။

ဒုတိယအပိုင်းက …

PayPal အကောင့်မရှိသူတွေအတွက် Debit Card ( သို့ ) Credit Card နဲ့ ငွေပေးချေရမယ့် Form ကို ဖြည့်ခိုင်းတာပါ။ ကျနော် ပုံထဲမှာ ရှင်းပြထားသလို၊ လိုအပ်ချက်တွေကို တချက်ခြင်းစီ ပြည့်စုံအောင်ဖြည့်ပေးပါ။ အချက်အလက်မှန်ကန်ဖို့ သတိပြုပါ။ မှားနေရင် PayPal က ငွေလွှဲခွင့်မပြုတတ်ပါဘူး။

ဒီအထဲမှာ အရေးအကြီးဆုံးအချက်တွေက Card နံပါတ်၊ Valid Date နဲ့ CVV လို့ ခေါ်တဲ့ လျှို့ဝှက်နံပါတ်တွေဖြစ်ပါတယ်။ Form က PayPal Website ကတရားဝင်ပေးထားတာမို့ ယုံကြည်ရပေ မယ့် … မိမိကုဒ်တွေကို သူများကို မဖြည့်ခိုင်းသင့်ပါဘူး။ တနည်းအားဖြင့် ဘယ်သူ့ကိုမှလည်း မမြင်စေ သင့်ပါဘူး။ ဒါကြောင့် နားမလည်ရင် မိမိယုံကြည်ရသူကို မေးပါ။ တတ်နိုင်သရွေ့ မိမိကုဒ်တွေကို သူများ မမြင်ပါစေနဲ့ … အရေးအကြီးဆုံးက CVV ကုဒ်တွေဖြစ်နိုင်ပါတယ်။ အားလုံးဖြည့်ပြီးရင်တော့ မိတ်ဆွေ ငွေချေမှာလားဆိုပြီး သူအတည်ပြုမေးခွန်းတွေဘာတွေ မေးလာနိုင်ပါတယ်။ တကယ်သေချာပြီဆိုမှ ငွေပေးချေလိုက်ပါ။ ပြီးတာနဲ့ ငွေပေးချေမှု အောင်မြင်ကြောင်း စာမျက်နှာပေါ်လာပါလိမ့်မယ်။ ဒါကိုတော့ ကျနော်က ငွေပေးချေပြနေတာမဟုတ်လို့ ပုံနဲ့ ရှင်းမပြနိုင်တော့ပါဘူး။ အဲဒီ ငွေပေးချေပြီး ကြောင်း အထောက်အထားကိုတော့ မိတ်ဆွေသိမ်းထားပါ။ လိုအပ်ရင် ကျနော့်ကို သက်သေပြပေးနိုင် အောင်ဖြစ်ပါတယ်။ နည်းပညာအရတော့ မိတ်ဆွေဘက်က ငွေပေးချေမှုအောင်မြင်တဲ့အခါ မိတ်ဆွေဆီ ရော၊ ကျနော့်ဆီမှာပါ။ ငွေပေးချေမှုအထောက်အထားတွေကို PayPal က တရားဝင်ပို့ပေးမှာပါ။ ကျနော့်ရဲ့ PayPal ဟာ Business Account နဲ့တရားဝင်ဖွင့်ထားတာဖြစ်လို့ ပိုပြီးစိတ်ချရပါတယ်။ မိတ်ဆွေရဲ့ ငွေပေးချေမှုကို ရတာနဲ့ ကျနော် အမြန်ဆုံးပြန်လည်ဆက်သွယ်ပြီး Appointment ရက်ကို သတ်မှတ်ပေးမှာဖြစ်ပါတယ်။

Leave a Reply

Member Login
 
 

This website uses cookies and asks your personal data to enhance your browsing experience.