ဗေဒင်မေးရန်
ဗေဒင်ပညာ ဝန်ဆောင်မှုအားလုံးကို အောက်မှာ ကြည့်နိုင်ပါတယ်။
မေးလေ့ရှိသောမေးခွန်းများ
ဟောပါတယ်။ လက္ခဏာကိုတော့ Online ကနေဟောမပေးပါ။
ကျေးဇူးရှိသူမှအပ အခမဲ့ဟောမပေးပါ။ သတ်မှတ်ဉာဏ်ပူဇော်ခနှုန်းယူပါတယ်။
Appointment ယူထားရင် ဟောပေးပါတယ်။
ဒီမှာ အသေးစိတ်ဖတ်ကြည့်ပါ။
မိတ်ဆွေက နိုင်ငံခြားမှာရောက်နေသူဆိုရင် Paypal အကောင့် ( သို့ ) Debit or Credit Card ကနေတဆင့်ငွေပေးချေနိုင်ပါတယ်။ မြန်မာပြည်မှာနေသူဆိုရင်တော့ အောက်ပါ ငွေလွှဲနည်းအဆင့်တွေကို လိုက်နာပေးရမှာဖြစ်ပါတယ်။
Click Here
လက်ရှိ Australia မှာနေပါတယ်။ အဝေးရောက်နေတဲ့အတွက် Online စနစ်အရ ကူညီနေပါတယ်
စျေးရောင်းနေခြင်းမဟုတ်ပါ။ ဘ၀ပြဿနာဖြေရှင်းရာမှာ ကိစ္စကြီးကြီးသေးသေး ကျကျနနတွက်ချက်ရပါတယ်။ အဲဒီတွက်ချက်မှုအတိုင်း ဉာဏ်ပူဇော်ခပေးချေရပါမယ်။
ယတြာကြေးမယူပါ။ ယတြာ၊ အစီရင်တွေကို Youtube မှာ အခမဲ့ကြည့်ရှုနိုင်ပါတယ်။ ထို့အတူ ဗေဒင်မေးတိုင်း ယတြာတွေကို အခမဲ့တွက်ချက်ပေးပါတယ်။
ယတြာ၊ အစီရင်တွေကို ကိုယ်တိုင်လုပ်တာပိုကောင်းပါတယ်။ လူအများနဲ့အလုပ်လုပ်နေရတာမို့ လူတိုင်းရဲ့ယတြာကို လိုက်မလုပ်ပေးနိုင်ပါ။ တကယ်အရေးကြီးလို့ မဖြစ်မနေလုပ်ပေးရမယ်ဆိုရင် အစီရင်အတွက် လိုအပ်တဲ့ အချက်အလက်ပြည့်စုံမှ ပြုလုပ်ပေးနိုင်ပါတယ်။ ဥပမာ … ဓာတ်ပုံ၊ အဝတ်စ၊ အစီရင်ပစ္စည်း စသဖြင့် … ( အစီရင်အတွက် သုံးရမယ့်ပစ္စည်းတွေကို မိမိဘက်က ဝယ်ပေးရပါမယ်။ )
မွေးသက္ကရာဇ်တိတိကျကျလိုပါမယ်။ သတ်မှတ်စည်းကမ်းလိုက်နာရပါမယ်။ သတ်မှတ်ဉာဏ်ပူဇော်ခပေးသွင်းရပါမယ်။ စည်းကမ်းသတ်မှတ်ချက်တွေကို ဒီမှာဖတ်ပေးပါ။
Tarot နဲ့ ဆန်းမဟာပညာအသုံးများပါတယ်။ မေးခွန်းအရ တိကျမှုရှိစေဖို့ နက္ခတ်ဗေဒင်ပညာအသုံးပြုပါတယ်။ အခြား လက္ခဏာ၊ ဂဏန်းဗေဒင်၊ ယိချင်း၊ ဧကံသ၊ အင်္ဂဝိဇ္ဇာ စသဖြင့် လိုအပ်သလိုထည့်သွင်းအသုံးပြုပါတယ်။
Australia မှာ လက်ရှိနေတာမို့ မိတ်ဆွေလည်း Australia ကဆိုရင် +61 470 567 663 ( Viber, WhatsApp ) ကနေဆက်သွယ်ပြီး တောင်းယူနိုင်ပါတယ်။
+61 470 567 663 ( Viber, WhatsApp ) ကနေဆက်သွယ်နိုင်ပါတယ်။
ကျနော့်ဆီမှာ Appointment ယူထားရင် ဖုန်းလက်ခံပြောပါတယ်။ မဟုတ်ရင် ဖုန်းမကိုင်ပါ။ ပြောချင်တာရှိရင် Viber, WhatsApp မှာ စာချန်ခဲ့နိုင်ပါတယ်။ အလ္လာပ၊ သလ္လာပ စကားပြောချိန်မရှိလို့ပါ။
လူတစ်ယောက်ကို ဆွေးနွေးချိန် ၁နာရီ ပေးထားပါတယ်။ ယာယီသတ်မှတ်ချက်ပါ။
အဓိကအကြောင်းအရာကိုသာဆွေးနွေးပါ။ Appointment ယူထားသူအတွက် တိုင်ပင်ဆွေးနွေးခွင့် ( Free ) မိနစ် ၆၀ အတွင်းတိုင်ပင်နိုင်ပါတယ်။ ဒီအချိန်ကျော်သွားရင်တော့ ၁ မိနစ်အတွက် Au$ 1.99 ကျသင့်မှာဖြစ်ပါတယ်။
လောကမှာ မမြဲတဲ့တရားသာ အမြဲရှိတာမို့ ဘယ်အရာမှ အာမမခံနိုင်ပါ။
ကိန်းကောင်းရင် ကံကောင်းပါမယ်။ ကိန်းဆိုရင် ကံဆိုးပါမယ်။
သေမည့်ကံပါသူကို မသေအောင် ဘုရားသော်မှ အာမမခံနိုင်။
ပုံသေပြောမရပါ။ ပြဿနာကြီးငယ်အလိုက်၊ စီရင်ပုံစီရင်နည်းအလိုက် အစီရင်ပြုလုပ်ရမယ့် ရက်ပိုင်း၊ အောင်မြင်ချိန်စသဖြင့် ကွာခြားနိုင်ပါတယ်။ မိမိကံဇာတာအရ တွက်ကြည့်ရင် သိနိုင်ပါတယ်။
Appointment ယူထားသူမဟုတ်ရင် ဖုန်းမကိုင်ဖြစ်ပါ။ ပြောချင်တာကို စာချန်ထားခဲ့နိုင်ပါတယ်။ အချိန်ရတဲ့အခါ စာပြန်ပေးပါမယ်။
Reply မပြန်ရတဲ့ အကြောင်းက ( ၄ ) မျိုးခန့်ရှိနိုင်ပါတယ်။
( ၁ ) ကျနော့်ဆီကို နေ့စဉ်နဲ့အမျှ စာပို့နေကြသူတွေများပါတယ်။ မိတ်ဆွေရဲ့စာဟာ Update မဖြစ်တဲ့အတွက် အောက်ခြေတနေရာရာကို ရောက်သွားတဲ့အတွက် ကျနော် မမြင်လိုက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် စာမပြန်ဖြစ်ရင် မိမိစာကို Update လုပ်တဲ့အနေနဲ့ စာပြန်ပို့ထားကြည့်ပါ။ မဟုတ်ရင် အောက်က အချက်တွေနဲ့ ညှိနေတာမျိုးလည်းဖြစ်နိုင်တဲ့အတွက် ဆက်ဖတ်ကြည့်ပါဦး။
( ၂ ) သာမန်မေးမြန်းသူတွေထက် ကျနော့်ရဲ့ အသင်းဝင်တွေကို ဦးစားပေးရပါတယ်။ မိတ်ဆွေဟာ သာမန်မေးမြန်းသူဖြစ်တဲ့အတွက် ကျနော့်ဘက်က ချက်ခြင်းမဖြေမိတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
( ၃ ) မိတ်ဆွေအသုံးပြုနေတဲ့အကောင့်ဟာ အကောင့်တုလို့ သံသယရှိတဲ့အတွက် အချိန်ကုန်ခံပြီး ပြန်မဖြေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ( ဥပမာ … Viber ကနေဆက်သွယ်ပြီး နာမည်ကို “မင်းအဖေ”။ “မင်းပထွေး” စသဖြင့်ပေးထားသူမျိုး။ ) မိမိဘက်က နာမည်အမှန်မသုံးချင်ဘူးဆိုရင်တောင်မှ တခြားခေါ်တွင်လို့ကောင်းမယ့်နာမည်မျိုးတွေပေးနိုင်ပါတယ်။ ဒီလို ပေါက်ကရနာမည်တွေအတွက် ( လုံး၀ ) ပြန်မဖြေပါဘူး။
( ၄ ) အဓိပ္ပါယ်မဲ့တဲ့စာတွေ၊ အလ္လာပသလ္လာပစကားတွေအတွက် အချိန်ကုန်ခံပြီး ပြန်မဖြေတတ်ပါဘူး။ ( ဥပမာ … ဆရာ ထမင်းစားပြီးပြီလား၊ ဆရာက ဘာနေ့သားလဲ )
ဒီတော့ ကျနော့်ဆီက Reply မြန်မြန်ရချင်တယ်ဆိုရင် …
( ၁ ) တရားဝင်မှတ်ပုံတင်ထားတဲ့ အသင်းဝင်တစ်ယောက်ဖြစ်ရပါမယ်။
( ၂ ) အသင်းဝင်မဟုတ်ခဲ့ရင်တောင် မိမိနာမည်အရင်း ( သို့ ) ခေါ်တွင်လို့ကောင်းမယ့်နာမည် ( သို့ ) အကောင့်အစစ်နဲ့ဆက်သွယ်သူဖြစ်ရပါမယ်။
( ၃ ) မိမိစာတွေကို Update ဖြစ်နေအောင် မကြာမကြာပို့ပေးသင့်ပါတယ်။ ဒါမှ ကျနော့်ဘက်က မြင်တွေ့ပြီး ပြန်ဖြေပေးနိုင်ပါမယ်။
( ၄ ) မိမိပေးပို့လိုက်တဲ့စာဟာ မိမိဖြစ်ချင်တဲ့အကြောင်းအရာဖြစ်ရပါမယ်။ လိုရင်းကို ပြည့်ပြည့်စုံစုံ ပေးပို့ထားရင် ပိုကောင်းပါတယ်။ Hi လို့ ရေးပြီး အောက်မှာ ဘာမှ ထပ်မရေးထားရင် ကျနော့်ဘက်က စာပြန်စရာအကြောင်းမရှိဘူးလို့သာ သတ်မှတ်ပါတယ်။ ဒါကြောင့် စာကို လိုရင်းပါအောင်နဲ့ ပြည့်စုံအောင်ရေးပို့ပါ။ မဟုတ်ရင် ကျနော့်ဘက်က စာမပြန်ပါဘူး။