Have a question?
အမည်
Email လိပ်စာ
ဖုန်းနံပါတ်
ပြောချင်တဲ့စကား
Delete file
Are you sure you want to delete this file?
Message sent Close

Blog

Online Tarot အခမဲ့ဗေဒင်

လူကိုယ်တိုင် စစ်ဆေးပြီး ဖြေကြားပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ Program System, Bot System မဟုတ်ပါဘူး။

ဒီအစီအစဉ်လေးက ကျနော့်ရဲ့ အသင်းဝင်တွေအတွက် စီစဉ်ပေးထားတာပါ။ အသင်းဝင်ဆိုတဲ့နေရာမှာ အသင်းဝင်အဆင့် သတ်မှတ်ချက်တွေရှိပေမယ့် ဒီနေရာမှာတော့ ဘယ်အဆင့်ပဲရှိရှိ ကျနော့်ရဲ့အသင်းဝင် မှန်ရင် ကူညီပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

ဘယ်လို ဗေဒင်မေးရမလဲဆိုတာကို တဆင့်ခြင်းစီရှင်းပြပေးပါမယ်။

အဆင့် ( ၁ )

ပထမဆုံး မိတ်ဆွေရဲ့အသင်းဝင် ID ကို ဒီလင့်ခ်မှာဝင်ကြည့်ထားပါ။ Click Here

အဆင့် ( ၂ )

Play Store မှာတင်ပေးထားတဲ့  ကျနော့်ရဲ့ တဲရော့ ဆော့ဝဲလေးကို သွားဒေါင်းလိုက်ပါ။

တိုက်ရိုက်ဒေါင်းရန် => Click Here

Play Store ရဲ့ Address Bar မှာ pub: Thuta Sann လို့လည်း ရိုက်ရှာနိုင်ပါတယ်။

အဆင့် ( ၃ )

ဆော့ဝဲကို ဖွင့်လိုက်ပါ။

ပုံ Save နိုင်ဖို့အတွက် Permission ကို ခုလို တောင်းပါလိမ့်မယ်။ Allow ကို နှိပ်ပေးလိုက်ပါ။ မဟုတ်ရင် Screenshot ရိုက်ပြီး ပုံ Save လို့ မရနိုင်ပါဘူး။

အဆင့် ( ၄ )

ဒီအဆင့်ရောက်ပြီဆိုရင် မိတ်ဆွေအသိချင်ဆုံးမေးခွန်းတစ်ခုကို အာရုံပြုပါ။ အဲဒီမေးခွန်းအတွက် အဖြေမှန်တခုရရှိပါစေလို့လည်း လေးလေးနက်နက် အဓိဌာန်ပြုပါ။ ပြီးတာနဲ့ READ NOW ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ပါ။

အဆင့် ( ၅ )

ဒါဆိုရင် မိတ်ဆွေရဲ့မေးခွန်းကို အဖြေပေးမယ့် တဲရော့ပုံလေးကို မြင်ရပါလိမ့်မယ်။

ဒီအဆင့်ရောက်ပြီဆိုရင် ဆော့ဝဲရဲ့ လက်ယာဘက်အပေါ်ဆုံးဒေါင့်မှာရှိတဲ့ အစက်လေးသုံးစက်ကို နှိပ်လိုက်ပါ။

ဒါဆို Menu တခု ပွင့်လာပါလိမ့်မယ်။ အဲဒီထဲက Take a Screenshot ဆိုတဲ့ ခလုတ်လေးကို နှိပ်ပေးလိုက်ပါ။

အောက်ပါ ပုံအတိုင်း Screenshot ကို မိတ်ဆွေရဲ့ ဖုန်း Internal Storage ထဲမှာ +++OnlineTarot+++ ဆိုတဲ့ Folder အဖြစ်နဲ့ သိမ်းပေးထားပါလိမ့်မယ်။

အဆင့် ( ၆ )

ပြီးရင် Menu ဆိုတဲ့ အစက်သုံးစက်ကို ပြန်နှိပ်ပြီး Menu ထဲက Contact Form ဆိုတာကို တချက်နှိပ်ဝင်လိုက်ပါ။

အဆင့် ( ၇ )

ဒီအဆင့်က အရေးကြီးပါတယ်။ မိတ်ဆွေရဲ့ မေးခွန်းကို ကျနော်ဆက်သွယ်ပြီး ဖြေကြားပေးရမှာဖြစ်တဲ့ အတွက် Form ကို တိတိကျကျလေး ဖြည့်ပေးရမယ့်အဆင့်ဖြစ်ပါတယ်။

ဖြည့်စွက်ရမယ့် အချက် ( ၇ ) ခုရှိပါတယ်။

  • User ID ဆိုတဲ့နေရာမှာ အဆင့် ( ၁ ) မှာ မှတ်ခိုင်းခဲ့တဲ့ မိတ်ဆွေရဲ့ အသင်းဝင် ID ကို ဖြည့်ပေးရမှာဖြစ်ပါတယ်။
  • Name ဆိုတဲ့နေရာမှာ အသင်းဝင်တုန်းက ပေးခဲ့တဲ့ မိတ်ဆွေရဲ့နာမည်ကို ဖြည့်ပေးပါ။
  • Email Address ဆိုတဲ့နေရာမှာ အသင်းဝင်းတုန်းက ပေးခဲ့တဲ့ Email လိပ်စာကို ဖြည့်ပေးပါ။
  • Phone Number ဆိုတဲ့ နေရာမှာ အသင်းဝင်တုန်းက ပေးခဲ့တဲ့ Phone နံပါတ်ကို ဖြည့်ပေးပါ။
  • A Specific Question ဆိုတဲ့နေရာမှာ တဲရော့မေးစဉ်က အာရုံပြုခဲ့တဲ့ မိတ်ဆွေရဲ့ အသိချင်ဆုံးမေးခွန်းကို ဖြည့်ပေးရမှာဖြစ်ပါတယ်။ မေးခွန်းတိကျဖို့လိုအပ်သလို၊ မေးထားတဲ့မေးခွန်းဟာ တစ်ခုထဲဖြစ်ရပါမယ်။ မေးခွန်းများရင် ကျနော် ပြန်မဖြေပါဘူး။ အခမဲ့ဟောပေးနေရတဲ့အတွက် လူတိုင်းကို ရှည်ရှည်ဝေးဝေး ဟောမပေးနိုင်ကြောင်း သတိပြုပါ။
  • Tarot Screenshot ဆိုတဲ့နေရာမှာ Choose file နေရာကို နှိပ်ပြီး မိတ်ဆွေရဲ့ ဖုန်းထဲက +++OnlineTarot+++ ဆိုတဲ့ Folder ကို ရှာပါ။ အဲဒီအောက်မှာ မိတ်ဆွေရဲ့ မေးခွန်းအတွက် သိမ်းထားတဲ့ တဲရော့ Screenshot ပုံလေးရှိပါတယ်။ အဲဒါကို နှိပ်လိုက်ပါ။
  • Type the number ဆိုတဲ့နေရာမှာ အောက်မှာပြထားတဲ့ လျှို့ဝှက် ဂဏန်း ၅ လုံးကို မှန်မှန်ကန်ကန် ထည့်ပေးရမှာဖြစ်ပါတယ်။ သေသေချာချာထည့်ပါ။ မှားထည့်မိရင် Form က ပို့လို့မရပါဘူး။

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ Send ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး ပေးပို့လိုက်ပါ။

ပေးပို့မှုအောင်မြင်ကြောင်း စာတန်းကို Form ရဲ့ ထိပ်ဆုံးမှာ မြင်ရပြီဆိုရင်တော့ ကျနော့်ဆီ Form က အောင်မြင်စွာ ရောက်ရှိသွားပြီဖြစ်ပါတယ်။

မိတ်ဆွေရဲ့ မေးခွန်းကို ၂၄ နာရီအတွင်း ပြန်လည်ဖြေကြားပေးပါမယ်။

သတိပြုရန်

Form ဖြည့်တဲ့နေရာမှာ

  • အချက်အလက်မှားယွင်းနေခြင်း
  • အချက်အလက်မပြည့်စုံခြင်း
  • မေးခွန်းမတိကျခြင်း

စတဲ့အချက်တွေကို စစ်ဆေးတွေ့ရှိပါက ပြန်လည်ဖြေကြားပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် Form ဖြည့်တဲ့အခါ တိတိကျကျ ဖြည့်စွက်ဖို့ အသိပေးလိုက်ပါတယ်။

2 Comments

Leave a Reply

Member Login
 
 

This website uses cookies and asks your personal data to enhance your browsing experience.