အနောက်တိုင်းမှာ ဂဏန်းဗေဒင်နဲ့ပတ်သက်ရင် နည်းလမ်းအမျိုးမျိုးရှိကြပါတယ်။ အဲဒီအထဲမှာ အထင်ရှားဆုံးနဲ့ လူသုံးအများဆုံးဂဏန်းဗေဒင်ပညာက Pythagorean Numerology ဖြစ်ပါတယ်။ နောက်တမျိုးကတော့ Chaldean Numerology ပါ။ သူ့ကိုတော့ ကိုင်ရိုမူလို့ မြန်မာမှာ အသိများပါ တယ်။ ခု ရှင်းပြမှာက Pythagorean Numerology မူအရဖြစ်တာကြောင့် အောက်ပါဇယားကိုလည်း မျက်စိထဲမှာ စွဲနေအောင်မှတ်သားထားဖို့ လိုအပ်ပါမယ်။
ပြီးရင် ဂဏန်းတစ်လုံးစီရဲ့စွမ်းအားတွေကိုလည်း ဂမ္ဘီရအလိုအရ ဘယ်လိုရှိမယ်ဆိုတာ အောက်ပါ အတိုင်းဆက်လက် မှတ်သားပေးဖို့ လိုပါမယ်။