Have a question?
အမည်
Email လိပ်စာ
ဖုန်းနံပါတ်
ပြောချင်တဲ့စကား
Delete file
Are you sure you want to delete this file?
Message sent Close

Palmistry Diploma Course

လက္ခဏာပုံတွေအများကြီးကို လိုက်မှတ်နေဖို့ ကျနော်တို့မှာ အချိန်မရှိပါဘူး။ ဒီသင်တန်းဟာ အခြေအမြစ်ကို တိတိကျကျသင်ပေးထားတဲ့ သင်တန်းဖြစ်ပါတယ်။
Instructor
Thuta Sann
0
0 reviews
  • Description
  • Curriculum
  • Announcement
  • Reviews
20230117_172316

လက္ခဏာဆိုတာဘာလဲ?

လက္ခဏာဆိုတာ လက်ဝါးပြင်ပေါ်မှာရှိတဲ့ လမ်းကြောင်းတွေ၊ ဂြိုဟ်ခုံတွေ၊ သင်္ကေတတွေ၊ အသားအရောင်တွေ၊ လက်ဆစ်တွေ၊ လက်ဗွေတွေ၊ လက်သည်းတွေ အားလုံးကို အသေးစိတ်လေ့လာပြီးမှ လူတစ်ယောက်ရဲ့ ဉာဉ်စရိုက်၊ ကံကြမ္မာ စတာတွေကို ဟောပြောအကြံပေးရတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။

လက္ခဏာပညာမှာ လေ့လာတဲ့နေရာမှာ အခြေခံပညာ သုံးမျိုးရှိပါတယ်။

Chiromancy

လက်ဝါးပြင်ပေါ်မှာရှိတဲ့ လမ်းကြောင်းတွေ၊ ဂြိုဟ်ခုံတွေ၊ သင်္ကေတတွေ ကို အသေးစိတ်လေ့လာပြီးမှ ဟောရတဲ့ပညာ

Chirognomy

လက်ဝါးရဲ့အသွင်အပြင်၊ ပုံသဏ္ဍာန်၊ အရွယ်အစား၊ လက်ချောင်း၊ လက်ဆစ် စတာတွေကို အသေးစိတ်လေ့လာပြီးမှ ဟောရတဲ့ပညာ

Dermatoglyphics

လက်ဝါးရဲ့ အရေပြားအရောင်အဆင်း၊ လက်ဗွေ၊ အကြောယှက်နွယ်မှု စတာတွေကို အသေးစိတ်လေ့လာပြီးမှ ဟောရတဲ့ပညာ

 

လက္ခဏာဟောပြောတဲ့နေရာမှာ …

  • လက်ဝါးပုံသဏ္ဍာန် ( ကျနော်တို့ အသုံးပြုတဲ့ လက်ပုံစံ သုံးမျိုးဖြစ်ပါတယ်။ )
  • လက်သည်း၊ လက်ချောင်းများရဲ့အနေအထား
  • လက်ရေစာကြမ်းတမ်းမှု၊ နူးညံ့မှု
  • ဂြိုဟ်ခုံအနိမ့်အမြင့်
  • လမ်းကြောင်းအထူအပါး၊ အကျဉ်းအကျယ်
  • လမ်းကြောင်းတည်နေပုံ
  • သင်္ကေတအမျိုးမျိုး

ဆိုတဲ့ အခြေခံအချက်တွေနဲ့ အညီ စစ်ဆေးဟောပြောပေးရပါတယ်။

လက္ခဏာပညာဟာ တကယ်တော့ သင်ပြဖို့ တော်တော့်ကို ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နမူနာပြပေးရမယ့် ပုံတွေဟာ ထောင်နဲ့ သောင်းနဲ့ ချီနေတတ်လို့ပါ။ အဲဒါတွေကို ထည့်ပြီး မရှင်းပြပြန်ရင်လည်း ပြည့်စုံတဲ့ လက္ခဏာသင်ခန်းစာဖြစ်ဖို့က မလွယ်ပြန်ပါဘူး။ တဖက်က ကြည့်ပြန်ရင်လည်း ကျနော်တို့ဟာ အဲဒီလို နမူနာပုံပေါင်းများစွာကို လိုက်လံကျက်မှတ်ပြီး လေ့လာနေဖို့ အချိန်အများကြီး မရှိပါဘူး။ ဒီတော့ ဒီသင်တန်းမှာ ကျနော်သင်ခဲ့ရတဲ့ Diploma Course ရဲ့မူအတိုင်း လုံး၀ အခြေအမြစ်ကျတဲ့ သင်ခန်းစာတွေကို သင်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီသင်ရိုးဟာ ပုံပေါင်းများစွာကို မလိုအပ်တဲ့ သင်ရိုးအမျိုးအစားဖြစ်ပါတယ်။ ဘာကြောင့်မလိုအပ်သလဲဆိုတာကို သူ့ရဲ့ ဆောင်ပုဒ်ကို ကြည့်လိုက်ပါ။

You don’t need to memorize thousand sentences to read a thousand hands. You can read a thousand hands by memorizing a sentence.

လက်တထောင်ကို ဟောပြောဖို့ ဝါကျတစ်ထောင်ကျက်မှတ်နေဖို့ မလိုပါဘူး။ ဝါကျတစ်ကြောင်းကျက်ထားရုံနဲ့ လက်ပေါင်းတထောင်ကို ဟောပြောနိုင်ပါလိမ့်မယ်။

အခြေခံသိမှတ်ဖွယ်ရာများ

လက္ခဏာပညာရပ်ကို အထူးပြုပြီးလေ့လာချင်ပါတယ်ဆိုတဲ့ မိတ်ဆွေများအတွက် ဒီသင်တန်းကို ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်။ အဆင့်မြင့်မြင့် နဲ့ တိတိကျကျ လေ့လာနိုင်ဖို့ အထူးသင်ခန်းစာတစ်ခု ဆိုရင်လည်းမမှားပါဘူး။ ဒီသင်တန်းဟာ လက္ခဏာပုံပေါင်းများစွာနဲ့ စာအုပ်အထူကြီးဖတ်ရသလို သင်ယူရမယ့် သင်ခန်းစာမျိုးမဟုတ်ပါဘူး။ စာတွေအများကြီးဖတ်ပြီး လက်တွေ့မှာ ဘာမှ အသုံးမဝင်ရင်လည်း သင်ယူရတဲ့ပညာဟာ အလကားပါပဲ။ ဒါကြောင့် ဒီသင်တန်းဟာ အခြေအမြစ်ကိုပြပေးတဲ့ သင်တန်းမျိုးဖြစ်ပါတယ်။ အကိုင်းအခက်တွေကို မညွှန်ပြပါဘူး။

Member Login
 
 

This website uses cookies and asks your personal data to enhance your browsing experience.