Curriculum
Course: Palmistry Diploma Course
Login
Text lesson

အဓိကလက် ( သို့ ) လွှမ်းမိုးသောလက်

လက်နှစ်ဖက်ရှိတဲ့အနက် …

လက္ခဏာဆရာတွေဟာ အောက်ပါအတိုင်း အယူအဆအမျိုးမျိုးယူဆပြီး မိမိစိတ်ထင်သလို ဟောပြောနေကြတာကို တွေ့ရပါတယ်။

ပထမအုပ်စု

ညာလက်ကို အဓိကထားဖတ်ပါတယ်။ ညာလက်ကို ပစ္စုပ္ပန်နဲ့ အနာဂတ်ကို စိုးမိုးထားတဲ့လက်လို့ ယူဆထားပြီး ဘယ်လက်ကိုတော့ အတိတ်နဲ့ မူလကံကို ဖော်ပြတဲ့လက်လို့ ယူဆထားကြပါတယ်။

ဒုတိယအုပ်စု

ယောကျ်ားညာ၊ မိန်းမဘယ်လို့ ပုံသေယူဆပြီး

ယောကျ်ားလေးကို ညာဘက်အဓိကထားပြီး အနာဂတ်နဲ့ ပစ္စုပ္ပန်ကို ဟောပြောပါတယ်။ ဘယ်လက်ကိုတော့ အတိတ်နဲ့ မူလကံကို ဟောပြောပါတယ်။

မိန်းကလေးကို ဘယ်လက်အဓိကထားပြီး အနာဂတ်နဲ့ ပစ္စုပ္ပန်ကို ဟောပြောပါတယ်။ ညာလက်ကိုတော့ အတိတ်နဲ့ မူလကံအဖြစ် ဟောပြောပါတယ်။

တတိယအုပ်စု

ဘယ်ညာနှစ်ဖက်လုံးကို မျှတစွာ ယူဆပြီး ဟောပြောတတ်ကြပါတယ်။ တဖက်သပ် အစွဲမထားကြပါ။

စတုတ္ထအုပ်စု

သန်တဲ့လက်ကို ဦးစားပေးပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဟောပြောပါတယ်။ မသန်တဲ့လက်ကို အတိတ်နဲ့ မူလကံအဖြစ် ယူဆဟောပြောပါတယ်။ လိုအပ်ရင် လက်နှစ်ဘက်လုံးကို မျှတစွာ ယူဆပြီး စစ်ဆေးပါတယ်။

 

ဒီအုပ်စုထဲမှာ ကျနော်က စတုတ္ထအုပ်စုဝင်ဖြစ်ပါတယ်။ ဒါကြောင့် ကျနော့်ရဲ့သင်ခန်းစာတွေမှာ လက္ခဏာဖတ်ဖို့အတွက်

သန်တဲ့လက်ကို လွှမ်းမိုးတဲ့လက်အဖြစ် ယူဆပါတယ်။ လွှမ်းမိုးတဲ့လက်ကို အဓိက ထားပြီး ဖတ်သင့်ကြောင်းကို အောက်ပါ Palmistry Diploma Course ရဲ့မူရင်းစာမှာ ဖတ်ရှုနိုင်ပါတယ်။

You should read begins by reading the person’s dominant hand. This is often considered to represent the conscious mind, whereas the other hand represents the unconscious. In some traditions, the non-dominant hand is believed to describe hereditary or family traits or past-life conditions.

လက်နှစ်ဖက်ရှိတဲ့အနက် လွှမ်းမိုးတဲ့လက်ကို အဓိကထားပြီးဖတ်ရမယ်လို့ဆိုပါတယ်။ လွှမ်းမိုးတဲ့လက် ဟာ သိစိတ်ကို ကိုယ်စားပြုပါတယ်။ တခြားလက်ကတော့ မသိစိတ်ကို ကိုယ်စားပြုပြီး မျိုးရိုးဗီဇ၊ မိသားစုစရိုက်၊ အတိတ်ကာလတွေနဲ့ပတ်သက်နေတယ်လို့ ယုံကြည်တတ်ကြပါတယ်။

ဒါကြောင့် ကျနော့်မူအရ လက္ခဏာဟောပြောမယ်ဆိုရင် …

သန်တဲ့လက်ကို အဓိကထားပြီး ဟောပြောရမယ်လို့ မှတ်ထားပေးပါ။

မသန်တဲ့လက်ကိုတော့ မူလကံနဲ့ လက်ရှိကံရဲ့ အထောက်အပံ့အဖြစ်လောက်သာ ယူဆဟောပြောရမှာဖြစ်ပါတယ်။

သန်တဲ့လက် ဆိုတာ … အသုံးအများဆုံးလက်ကို ပြောတာပါ။ ဥပမာ … စာရေးတာ၊ ထမင်းစားတာ၊ ကက်ကြေးကိုက်တာ၊ တူထုတာ စသဖြင့် …

မသန်တဲ့လက်ဆိုတာ … အသုံးအနည်းဆုံးလက်၊ တနည်းအားဖြင့် သန်တဲ့လက်ရဲ့ ဆန့်ကျင်ဘက်လက်ကို ပြောတာပါ။

ဒီနေရာမှာ တချို့သော လူထူးလူဆန်းတွေက လက်နှစ်ဘက်လုံးကို မျှတပြီး အသုံးပြုနိုင်တာကိုလည်း ရှားရှားပါးပါးတွေ့ရတတ်ပါတယ်။ ဥပမာ … ထမင်းစားတာ ညာလက်နဲ့ဖြစ်ပြီး တူထုတာက ဘယ်လက်ဖြစ်နေတာမျိုး။ ဒီလို လက်နှစ်ဖက်အသုံးပြုနိုင်တဲ့သူတွေကို လက်နျစ်ဖက်လုံး မျှပြီး ကြည့်ပေးရမယ်လို့ မှတ်ထားပါ။

လက္ခဏာပညာရှင်တွေကို ဒုက္ခပေးတတ်တဲ့ မေးခွန်းတခုက …မွေးကတည်းက လက်မပါတဲ့သူတွေကို ဘယ်လိုဟောမလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းအတွက် အဖြေကတော့ ရှင်းရှင်းလေးပါ။ လက္ခဏာလို့ နာမည်ပေးထားတဲ့အတွက် လက်ဖဝါးရှိသူတွေကိုသာ ဟောပြောနိုင်ပါတယ်။ လက်ဖဝါးမရှိရင်တော့ တခြားနည်းနဲ့သာ ဟောပြောရမှာဖြစ်ပါတယ်။

လက္ခဏာကို မယုံကြည်ကြတဲ့သူတချို့က လက်ဝါးပေါ်က အသက်ရှည်တဲ့ လမ်းကြောင်းအရ လူတွေအသက်ရှည်ပါတယ်ဆိုတဲ့ ဟောကွက်မျိုးကို မွေးကတည်းက လက်မပါတဲ့သူတွေနဲ့ နှိုင်းယှဉ်ပြီး သူတို့မှာ လက်ဝါးလည်း မပါသလို၊ အသက်လမ်းကြောင်းလည်း မပါပဲနဲ့ ဘာလို့ အသက်ရှည်ရှည်နေကြရသလဲ ဆိုပြီး မေးခွန်းထုတ်လေ့ရှိတတ်ကြပါတယ်။ သိပ္ပံအမြင်အရတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဝိဇ္ဇာအမြင်အရတော့ … လက်မပါပေမယ့် သူ့မှာ ကံကတော့ ပါလာပြီးဖြစ်ပါတယ်။ ဘာနဲ့တူသလဲဆိုရင် ရှေ့မှာချထားတဲ့ ဆပ်ပြာမွှေးတုံးလေးကို တခြားမှ ဖွက်ထားလိုက်တာနဲ့ ဆင်တူပါတယ်။ ရှေ့မှာ ချထားတဲ့ ဆပ်ပြာမွှေးတုံးမရှိတော့ဘူးဆိုပေမယ့်လည်းဆပ်ပြာရဲ့ အမွှေးနံ့တွေကတော့ အဲဒီနေရာမှာ ကျန်နေခဲ့ပါတယ်။ ဆပ်ပြာတုံးကို မမြင်တာနဲ့ ဆပ်ပြာမရှိဘူးလို့ ပြောလို့ မရပါဘူး။ ဒီဥပမာက မြင်သာအောင်လို့ အနံ့ပါတဲ့ ဆပ်ပြာတုံးလေးနဲ့ ဥပမာပေးလိုက်တာပါ။ သဘောတရားကို နားလည်အောင် တွေးကြည့်ပါ။ ဒီသဘောတရားအရ ကျနော်တို့ အမြင်မှာ သူဟာ မွေးကတည်းက လက်မပါခဲ့ပါဘူး။ ဒါပေမယ့် ဝိဇ္ဇာအမြင်မှာ သူဟာ မမြင်ရတဲ့လက်တွေ ( ကံတွေ ) ပါလာခဲ့ပြီး ဖြစ်ပါတယ်။ သာမန်မျက်စိနဲ့ လက်တွေကိုမမြင်ရလို့ လက္ခဏာဟောမရပေမယ့် ဝိဇ္ဇာမျက်စိရှိရင်တော့ ဟောပြောဖို့ရာ မခက်လှပါဘူး။

Member Login
 
 

This website uses cookies and asks your personal data to enhance your browsing experience.