Have a question?
အမည်
Email လိပ်စာ
ဖုန်းနံပါတ်
ပြောချင်တဲ့စကား
Delete file
Are you sure you want to delete this file?
Message sent Close

Blog

လက်ရှိ ဆန်းမဟာအဆင့်

ဆန်းမဟာ ဆော့ဝဲဆိုတာဘာလဲ?

ဆန်းမဟာ ( SannMaha ) ဆိုတာ ” လျှို့ဝှက်မဟာ ဆန်းပညာ ” ဆိုတဲ့ စကားကို အတိုချုပ်ခေါ်ဝေါ်နေတဲ့ စကားတစ်ခုပါ။

စတင်တီထွင်ခဲ့စဉ်က ဆန်းကျမ်းပညာကို လွယ်ကူမြန်ဆန်စွာ တွက်ယူနိုင်ဖို့အတွက် ရည်ရွယ်ပြီးတီထွင်ခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းတွေမှာတော့ လက်ဆန်းပညာတွေရဲ့လိုအပ်ချက်တွေဖြစ်တဲ့ မဟာဘုတ်၊ နာမက္ခရ၊ သုံးတန်ပေါ်နိစ်ခွင်တွေကိုပါထည့်သွင်းထားခဲ့ပါတယ်။ တကယ်တော့ ဒီဆော့ဝဲက ကျနော့်အတွက် ကျနော်ရေးခဲ့တဲ့ဆော့ဝဲတစ်ခုပါ။ သုတေသနပြုခြင်း၊ ဗေဒင်ဟောပြောခြင်းဆိုင်ရာတွေမှာ အချိန်ကုန်သက်သာစေဖို့ကို ရည်ရွယ်ပါတယ်။ နောက်ပိုင်းမှာတော့ ကျနော့်လိုပဲ အချိန်ကုန်သက်သာစေချင်သူတွေနဲ့ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်တွက်ချက်လိုသူတွေအတွက် ရောင်းချပေးခဲ့ပါတယ်။

ပထမဆုံး ကျနော့်ဆော့ဝဲ ဝယ်ယူခဲ့တဲ့ မိတ်ဆွေများကိုလည်း ကျေးဇူးတုန့်ပြန်သောအားဖြင့် Lifetime Full Version အသုံးပြုခွင့်ပေးခဲ့ပါတယ်။ နောက်ပိုင်းဝယ်ယူလိုသူတွေအတွက်ကတော့ သက်ဆိုင်ရာ Plan အရသာ ရောင်းချပေးတော့မှာဖြစ်ပါတယ်။

ဆော့ဝဲရဲ့ အသုံးဝင်တဲ့ Features တွေနဲ့ Plans အသေးစိတ်ကို အောက်က Link မှာ ဝင်ကြည့်နိုင်ပါတယ်။

ဆန်းမဟာ ဆော့ဝဲကို ဘယ်လိုလူတွေ ဝယ်သင့်သလဲ?

ဆန်းမဟာဆော့ဝဲကို လက်ရှိဗေဒင်ဟောပြောနေတဲ့

  • မြန်မာ့ရိုးရာဗေဒင်ပညာရှင်တွေ
  • သုတေသနပြုနေတဲ့ ဗေဒင်သုတေသီတွေ
  • ဗေဒင်ဝါသနာရှင်တွေ
  • အချိန်ကုန်သက်သာစေချင်သူတွေ
  • တွက်ကိန်းတိကျလိုသူတွေ

အားလုံး ဝယ်ယူအသုံးပြုနိုင်ပါတယ်။ နောက်ပိုင်း Version တွေမှာတော့ နက္ခတ်ပညာရှင်တွေ၊ ဗေဒင်မေးမြန်းသူတွေ ပါအသုံးပြုနိုင်အောင် ထည့်သွင်းပေးသွားဖို့ အစီအစဉ်ရှိပါတယ်။

ဘယ်လိုအသုံးပြုရမလဲ?

ဆန်းမဟာဆော့ဝဲထဲမှာ ဘာတွေပါဝင်သလဲ? ဘယ်လိုအသုံးပြုရမလဲ? ဆိုတာ သိချင်တယ်ဆိုရင် E-Book Version 1.0.2  လေးလုပ်ပေးထားပါတယ်။ ဒေါင်းပြီး ဖတ်ကြည့်ပါ။

Free Download Here!

တိုက်ရိုက်ဖတ်ရန်

 

ဆန်းမဟာဆော့ဝဲအတွက် မှတ်ပုံတင်ခြင်း စည်းကမ်းချက်တွေလည်း ဖတ်ထားပေးပါဦး။

ဆန်းမဟာဆော့ဝဲက ဘယ်လိုအရည်အသွေးတွေရှိသလဲ?

ဆန်းမဟာဆော့ဝဲကို ခလုတ်တချက်နှိပ်ရုံနဲ့ လွယ်ကူစွာ မြင်တွေ့နိုင်ဖို့ ဖန်တီးထားပါတယ်။ ဒါ့အပြင် အောက်ပါအရည်အသွေးတွေလည်း ရှိပါတယ်။ ဒီအရည်အသွေးတွေက လက်ရှိ Version ( 1.0.2 BETA ) ပေါ်မှာ အခြေခံပြီး ပြောထားတာဖြစ်ပါတယ်။

 

  • ( ၁ ) အသုံးပြုရလွယ်ကူခြင်း
  • ( ၂ ) အမြင်ရိုးရှင်းခြင်း
  • ( ၃ ) ချုံ့ချဲ့စနစ်ပါသဖြင့် Font Size အတွက် အဆင်ပြေခြင်း
  • ( ၄ ) မြန်မာစာစနစ်ပံ့ပိုးပေးထားခြင်း
  • ( ၅ ) စက်လေးလံမှုမရှိ၊ ပေါ့ပေါ့ပါးပါး အသုံးပြုနိုင်ခြင်း
  • ( ၆ ) File Size သေးငယ်ပြီး အသုံးဝင်သော Function များကို စုစည်းပေးထားခြင်း
  • ( ၇ ) Android Screen အားလုံးနှင့်အဆင်ပြေခြင်း
  • ( ၈ ) ဗေဒင်မေးသူအချက်အလက်များကို မှတ်သားနိုင်ခြင်း
  • ( ၉ ) ဇာတာကို pdf ဖိုင်အဖြစ် သိမ်းဆည်းနိုင်ခြင်း

ဆော့ဝဲကို ဘယ်လိုဆက်သွယ်ဝယ်ယူနိုင်မလဲ? စျေးနှုန်းဘယ်လောက်ရှိမလဲ?

 

ဆော့ဝဲအတွက် Plan လေးမျိုးသတ်မှတ်ထားတဲ့အတွက် စျေးနှုန်းအမျိုးမျိုးရှိပါတယ်။ မိမိတတ်နိုင်ရာ Plan ကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။ ဆော့ဝဲဝယ်ယူတဲ့အခါမှာ မိမိဝယ်ယူတဲ့ Plan အရ မိမိအသုံးပြုနိုင်တဲ့ Features တွေကိုသာ ရမှာဖြစ်လို့ Plans တွေကို အသေးစိတ်နှိုင်းယှဉ်စစ်ဆေးပြီးမှသာ ဝယ်ယူစေချင်ပါတယ်။ သက်ဆိုင်ရာ Plans၊ စျေးနှုန်း၊ နမူနာပုံတွေကို အောက်ပါ Link တွေကနေဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ နမူနာပုံတွေပြထားတာဖြစ်လို့ သေသေချာချာ စစ်ဆေးကြည့်ရှုပြီးမှသာ ဝယ်ယူစေချင်ပါတယ်။

မရှင်းလင်းတဲ့အချက်၊ သိလိုတဲ့အချက်တွေရှိရင် AskSannMaha ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

တိုက်ရိုက်ဝယ်ယူလိုသူများ အောက်က Form ကို မှန်မှန်ကန်ကန်ဖြည့်ပေးပါ။

( မှတ်ချက် … တိုက်ရိုက်ဝယ်ယူမှုအတွက် မိတ်ဆွေမှာ Paypal အကောင့် ( သို့ ) Debit or Credit Card တခုခုရှိရပါမယ်။ အကယ်၍ မိတ်ဆွေဟာ မြန်မာနိုင်ငံမှာ လက်ရှိနေထိုင်နေသူဖြစ်ရင် အောက်ပါ ငွေလွှဲနည်း ကို လိုက်နာပေးပါ။ )

Click Here

    ဝယ်ယူမည့် Plan ကိုရွေးချယ်ပါ။

    ငွေပေးချေရန်

    မှတ်ပုံတင် (သို့) ID တစ်ခုခု

    လတ်တလောရိုက်ထားသည့် မိမိဓာတ်ပုံ

    စျေးနှုန်း၊ ပုံစံ အသေးစိတ်ကြည့်ရန်

    Leave a Reply

    Member Login
     
     

    This website uses cookies and asks your personal data to enhance your browsing experience.